သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းနဲ့ ကချင်မှာ တိုက်ပွဲတွေဆက်ဖြစ်


ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)

နေရာတော်တော်များများ ရေကြီးလို့ ပြည်သူတွေ ရေဘေးဒုက္ခကြုံနေရချိန်မှာ စစ်ကောင်စီက ကချင်နဲ့ ရှမ်းမှာ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေ ဆက်လုပ်နေပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဆိုင်းတောင်ရွာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဒီနေ့ ဆက်ပစ်နေတာကို အမည်မဖော်လိုတဲ့ ဒေသခံက အခုလို ပြောပြပါတယ်။

KIA ကချင်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူကတော့ ဆိုင်းတောင်မှာ ဒီနေ့ တိုက်ပွဲပြင်းထန်တဲ့ သတင်းမရသေးပေမဲ့၊ ၂ ဘက်တပ်တွေ ဆက်ရင်ဆိုင်ထားကြတာကြောင့် စစ်ရေးတင်းမာနေဆဲလို့ ပြောပါတယ်။ တိုင်းရင်းသား မဟာမိတ် ၃ ဖွဲ့ရဲ့ ရှမ်းမြောက်စစ်ဆင်ရေး အပိုင်း (၂) ၃ လနီးပါးရှိလာချိန်မှာ နောင်ချိုမြို့နယ်ထဲ ဒီနေ့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ TNLA တအောင်းတပ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေး ၈၂ ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမြှောက်တပ် (အမတ) ၂၀၆ စခန်း၊ တောင်ခမ်းရွာက အမတ ၉၀၂ စခန်းနဲ့ မကျီးရေရွာတွေမှာ အခုလို တိုက်ပွဲပြင်းထန်နေတာလို့ TNLA က ဒီထုတ်ပြန်ချက်ထဲ ပြောထားပါတယ်။

စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်ကို ကာထားပြီး မဟာဗျုဟာကျတဲ့ တောင်ခမ်း လုံးဝမကျရေး စစ်ကောင်စီ အပြင်းအထန် ခုခံနေချိန်မှာ၊ တောင်ခမ်းရွာ၊ တောင်ရွှေရွာနဲ့ သိမ်းထားတဲ့ အမတ ၃၅၄ တို့ကို Y12 နဲ့ ၇ ကြိမ် စုစုပေါင်း ဗုံးအလုံး (၆၀) ကျဲချခဲ့တယ်လို့ TNLA က ပြောထားပါတယ်။

နောင်ချိုက အေးရှားဝေါဂိတ်နေရာမှာလည်း ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးလာကြဲခဲ့ပြီး၊ ဟောင်ဝဇာလက်နက်ကြီးနဲ့ (၂) ကြိမ်လာတိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ ရှမ်းတောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုဖက်ကို စစ်အင်အားပြန်ဖြည့်ဖို့ ကြိုးပမ်းလာတာကြောင့် အခုလို တိုက်ပွဲပြန်ပြင်းထန်လာတာလို့ TNLA ကဘက်က ပြောပါတယ်။

Forum

XS
SM
MD
LG