သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဂျီမုန်တိုင်း လူ ၂၀ ထက်မနည်းသေ


မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်။
မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်။

ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ကျွန်းနိုင်ငံတခုဖြစ်တဲ့ Fiji ကို စနေနေ့က အင်အားကြီး မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သေဆုံးသူဦးရေ ၂၀ ထက်မနည်း ရှိသွားပါပြီ။ လိုအပ်သူတွေထံ အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့ အာဏာပိုင်တွေကလည်း အရေးတကြီး လုပ်ဆောင်နေပါတယ်။

ဆိုင်ကလုန်း Winston ဝင်ရောက်ခဲ့ပြီးတဲ့နောက် Fiji ကျွန်းမှာ နေအိမ်တွေ ပြိုကျပျက်စီး၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ လမ်းမတွေ ရေလျှံပြီး နေရာအနှံ့ အပျက်အစီးတွေ ပျံ့ကျဲနေတာတွေကိုတော့ အပေါ်စီးကနေ ရိုက်ယူထားတဲ့ပုံရိပ်တွေမှာ တွေ့ရပါတယ်။ နိုင်ငံတဝှမ်းက လျှပ်စစ်ဝါယာကြိုးတွေ ပြတ်တောက်ကုန်တာကြောင့် မြို့နဲ့အလှမ်းဝေး တဲ့နေရာတွေက ဒေသခံတွေနဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ ပြင်းအားအဆင့် ၅ နဲ့ဝင်ရောက် တိုက်ခတ်တဲ့ Winston မုန်တိုင်း ဝင်ရောက်ချိန်မှာ လေပြင်းတိုက်နှုန်း တနာရီ ကီလိုမီတာ ၃၀၀ ရှိပြီး ကမ္ဘာ့တောင်ဘက်အခြမ်းမှာ ပြင်းအားအများဆုံး အပူပိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

တနိုင်ငံလုံး ညမထွက်ရ Carfew အမိန့်ကို ထုတ်ပြန်ထားတာကို ဒီကနေ့ ပြန် ရုပ်သိမ်းလိုက်ပေမဲ့ တလကြာ သဘာဝဘေးဒဏ် အရေးပေါ် အခြေအနေကိုတော့ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေကိုလည်း နောက်သီတင်းပတ် တနင်္လာနေ့အထိ ပိတ်ထားပါတယ်။ ကျွန်းစုငယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့ Fiji နိုင်ငံတလျှောက် အကယ်ဆယ်ရေး စခန်းတွေမှာ မုန်တိုင်းသင့်ပြည်သူတွေ ထောင်နဲ့ချီ ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG