သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Finland ဓါးထိုးတိုက်ခိုက်မှု ၂ ဦးသေဆုံး


တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တာကူးမြို့လယ်က နေရာ။ (သြဂုတ် ၁၈-၂၀၁၇)
တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တာကူးမြို့လယ်က နေရာ။ (သြဂုတ် ၁၈-၂၀၁၇)

ဖင်လန်နိုင်ငံ အနောက်တောင် ကမ်းရိုးတန်း တာကူးမြို့မှာ ဓါးထိုး တိုက်ခိုက်ခံရမှုကြောင်း အနည်းဆုံး (၂)ဦးသေဆုံးပြီး (၆)ဦးမက ဒဏ်ရာ ရသွားတယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ဆိုပါတယ်။

သံသယရှိသူတဦးရဲ့ ခြေထောက်ကိုရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ပြီးနောက် ၊ တရားခံဖြစ်နိုင်သူ တဦးကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ဆို ပါတယ်။ သံသယရှိခံရသူဟာ ဘယ်သူ ဘယ်ဝါဆိုတာကို အာဏာပိုင်တွေက မပြောပေမယ့် နိုင်ငံခြားသားတဦး ဖြစ်ဖွယ် ရှိတယ်လို့ ယူဆရ ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်မှု ရှိ/မရှိဆိုတာ အတိကျ မပြောနိုင်သေးဘူးလို့ ဖင်လန်အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဝင် Markus Laine ကဆိုပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တာကူးမြို့လယ်က Puutori ရင်ပြင်ကို မသွားမလာကြဖို့ အစောပိုင်းက တားမြစ် ထားခဲ့ပေမယ့် နောက်နာရီ အနည်းငယ်အကြာမှာ ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် Helsinki လေဆိပ်နဲ့ မီးရထားဘူတာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG