သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါ နိုင်ငံ ၁၁ နိုင်ငံကို ဖင်လန်နိုင်ငံ လူသားစာနာမှုအကူအညီပေးမည်

[[Zawgyi/Unicode]]

စားနပ်ရိက္ခာမလုံလေက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖင်လန်နိုင်ငံက အကူအညီပေးမယ့်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
မြန်မာ၊ ဆိုမာလီယာ၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ လူသားစာနာမှု အကူအညီပေး လုပ်ငန်းတွေအတွက် ဖင်လန်အခြေစိုက် ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ယူရိုငွေ ၂၆.၁ သန်း ပေးဖို့ လျာထားတဲ့အကြောင်း ဖင်လန်နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖင်လန်နိုင်ငံရဲ့ လူသားစာနာမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒအရ အကူအညီပေး ရန်ပုံငွေတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့၊ ဥရောပသမဂ္ဂ (EU) က သတ်မှတ်ထားတဲ့ လူသားစာနာမှု လက်တွဲလုပ်ဆောင်ဖက်များဆိုင်ရာ လိုအပ်ချက်တွေကို ပြည့်မီတဲ့ ဖင်လန် ပြည်တွင်းအဖွဲ့အစည်း ခုနစ်ဖွဲ့ကို လူသားစာနာမှု အကူအညီပေး ရန်ပုံငွေတွေ ချပေးနိုင်ပါတယ်။
တနည်းအားဖြင့်တော့ ဖင်လန်ကပေးတဲ့ လူသားစာနာမှုဆိုင်ရာ ရန်ပုံငွေတွေကို သက်ဆိုင်ရာ အစိုးရတွေကို တိုက်ရိုက်ပေးတာမဟုတ်ဘူးဆိုတဲ့ သဘောပါပဲ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီး ယိုယွင်း ပျက်စီးလာနေပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာလည်း တိုင်းပြည်လူထု အကျိုးစီးပွားတိုးတက်ရေး လုပ်ဆောင်တဲ့အစား အာဏာသိမ်းမှု ခိုင်မြဲရေးအတွက် ဆန့်ကျင်သူတွေကို နှိမ်နင်းတာကိုပဲ အာရုံစိုက် လုပ်နေတယ်လို့ ဝေဖန်ကြပါတယ်။
စီးပွားရေးလုပ်ငန်းတွေ သေချာ မလည်ပတ်နိုင်တာကြောင့် အလုပ်အကိုင် အခွင့်အလန်းတွေ ဆုံးရှုံးနေသလို လုပ်ငန်းတွေ ပိတ်သိမ်းတာကြောင့်လည်း အလုပ်လက်မဲ့အရေအတွက် ပိုတိုးလာနေပါတယ်။
တိုင်းပြည်အခြေအနေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် မြန်မာ့လူဦးရေ ၃ သန်းခွဲထက်မနည်း ငတ်မွတ်ခေါင်းပါးမယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]



===============

XS
SM
MD
LG