သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ဖယ်ရီမီးလောင်မှု ၁၂ ဦးထက်မနည်း သေဆုံး


ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်တင် ဖယ်ရီသင်္ဘော The Lady Mary Joy 3 မီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်တင် ဖယ်ရီသင်္ဘော The Lady Mary Joy 3 မီးလောင်နေစဉ် (မတ်လ ၃၀၊ ၂၀၂၃)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်တင် ဖယ်ရီသင်္ဘော မီးလောင်သွားတဲ့အတွက် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ခရီးသည် ၂၃၀ ကို ကယ်တင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ပြောပါတယ်။

The Lady Mary Joy 3 လို့ အမည်ပေးထားတဲ့ အဲဒီ ဖယ်ရီဟာ Mindanao ကျွန်း Zamboanga မြို့ကနေ Sulu ခရိုင် Jolo ကျွန်းကို သွားနေစဉ် ဗုဒ္ဓဟူးနေ့ညက မီးလောင်ခဲ့တာကြောင့် ခရီးသည်တွေက ရေထဲကို ခုန်ချကုန်ကြတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန အရာရှိတစ်ဦးဖြစ်သူ Nixon Alonzo က ပြောပါတယ်။

Baluk-Baluk ကျွန်းနားအရောက်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီမီးလောင်မှုကြောင့် ခရီးသည် ၁၉၅ ဦးနဲ့ ဖယ်ရီဝန်ထမ်း ၃၅ ဦးတို့ကို ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ တံငါသည်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၄ ဦး ထိခိုက်ဒဏ်ရာခဲ့ပြီး ၇ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

ဖယ်ရီပေါ်ပါလာတဲ့ ခရီးသည်အရေအတွက်စာရင်းက ၂၀၅ ဦး ရှိတာကြောင့် ပျောက်ဆုံးနေသူဟာ အဲဒီထက်မက များနိုင်တယ်လို့ Basilian ပြည်နယ် အုပ်ချုပ်ရေးမှုး Jim Salliman က ပြောပါတယ်။

ကျွန်းစုပေါင်း ၇,၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကောင်းမွန်တဲ့ ရေကြောင်းပို့ဆောင်ရေးစနစ် မရှိတဲ့အပြင် ခရီးသည်တင် ဖယ်ရီတွေအပေါ် စည်းကမ်းတကျ ထိန်းသိမ်းကြပ်မတ်မှုမရှိတာ၊ လိုအပ်တာထက် ခရီးသည်တွေကို ပိုတင်ဆောင်လေ့ရှိတာကြောင့် မကြာခဏ တိမ်းမှောက်လေ့ရှိပြီး လူတွေလည်း အများအပြား သေဆုံးလေ့ရှိပါတယ်။

{Unicode}







XS
SM
MD
LG