သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖီဖာအတွင်းရေးမှူးချုပ် အမျိုးသမီးတစ်ဦး ပထမဆုံးဖြစ်လာ


FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က သူ့ရဲ့အတွင်းရေးမှူးချုပ် နေရာအတွက် အမျိုးသမီးတဦးကို ပထမဆုံးအကြိမ် ခန့်အပ်လိုက်ပါတယ်။ ဆီနီဂေါနိုင်ငံသူ Fatma Samba Diouf Samoura ကို မေလ ၁၃ ရက်နေ့က အတွင်းရေးမှူးချုပ် အဖြစ် ခန့်လိုက်တာဖြစ်ပြီး၊ ဒါဟာ ဥရောပတိုက်သား မဟုတ်သူတွေထဲက ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်လာသူလည်းဖြစ်ပါတယ်။

ဖီဖာအတွင်း အဂတိလိုက်စားမှုတွေ၊ လာဘ်ပေး လာဘ်ယူတာတွေ နဲ့ ငွေကြေး မမှန်မကန် သုံးစွဲမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးတဲ့နောက် ၊ အခုလို Samoura ကို ခန့်လိုက်တဲ့ အတွက် သူရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဦးဆောင်မှုတွေ၊ တည်ဆောက်မှုတွေမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေက ဖီဖာကို အများ ယုံကြည် လက်ခံနိုင်မှုတွေ ရအောင်ပြန်လုပ်ပေးနိုင်မယ်လို့ ဖီဖာဥက္ကဋ္ဌ Gianni Infantino က မျှော်လင့်နေပါတယ်။

ဖီဖာရဲ့အတွင်းရေးမှူးချုပ်ဟောင်း Jerome Valcke ကို ဘောလုံးပွဲရုပ်သံလွှင့် ခွင့်ဆိုင်ရာ သဘောတူညီချက်တွေ နဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်တွေ ရောင်းချတဲ့နေရာမှာ မမှန်မကန်အလွဲသုံးစားလုပ်တာတွေကြောင့် ရာထူးကနေ ဖြုတ်ချပြီး၊ ဘောလုံးပွဲတွေကနေ ၁၂ နှစ်ကြာ တားမြစ်ပိတ်ပင် လိုက်ပါတယ်။

ဖီဖာအတွင်းရေးမှူးချုပ် အမျိုးသမီးတစ်ဦး ပထမဆုံးဖြစ်လာ
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG