သုံးရလွယ်ကူစေသည့် Link များ

Maya Angelou ဈာပနအခမ်းအနား အမေရိကန် သမ္မတကတော် တက်ရောက်


အမေရိကန်သမ္မတကတော် Michelle Obama ကဗျာနဲ့စာပေပညာရှင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ Maya Angelou ရဲ့ ဈာပနအခမ်းအနားမှာ အမှတ်တရစကားဆိုစဉ်။ (ဂျွန် ၇၊ ၂၀၁၄)
အမေရိကန်သမ္မတကတော် Michelle Obama ကဗျာနဲ့စာပေပညာရှင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ Maya Angelou ရဲ့ ဈာပနအခမ်းအနားမှာ အမှတ်တရစကားဆိုစဉ်။ (ဂျွန် ၇၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စုက ကျော်ကြားတဲ့ စာရေးဆရာမကြီးလည်းဖြစ်၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတယောက်လည်းဖြစ်တဲ့ ဒေါက်တာ မာယာ အန်ဂျလို (Maya Angelou) ရဲ့ ဈာပနအခမ်းအနားကို စနေနေ့က မြောက် Carolina ပြည်နယ်မှာ ကျင်းပခဲ့တာမှာ အမေရိကန်သမ္မတကတော် Michelle Obama နဲ့ သမ္မတဟောင်း Bill Clinton တို့တက်ရောက် ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

၂၀ ရာစုမှာ အကျော်ကြားဆုံး လူမည်းစာရေးဆရာမကြီး အန်ဂျလိုဟာ အများသိသင့်တဲ့ကိစ္စတွေကို လူအများရဲ့ စိတ်ဝင်စားမှုရလာနိုင်ဖို့ ကဗျာတွေ စာတွေနဲ့ ပုံဖော်ခဲ့သူဖြစ်တယ်လို့ သမ္မတဟောင်း Bill Clinton ကပြောကြားခဲ့ပါတယ်။

မာယာ အန်ဂျလို ရေးသားခဲ့တဲ့ ကဗျာတပုဒ်က သာမန်လူမည်း မိန်းကလေးတယောက်ကို အိမ်ဖြူတော်ရောက်အောင် ခွန်အားတွေပေးခဲ့တယ်လို့ သမ္မတကတော် Michelle Obama ကလည်း ပြောကြားခဲ့ပါတယ်။ မေလ ၂၈ ရက်နေ့က အသက် ၈၆ နှစ်မှာ ကွယ်လွန်သွားတဲ့ စာရေးဆရာ၊ ကဗျာဆရာမကြီး ဒေါက်တာ မာယာ အန်ဂျလိုဟာ Wake Forest တက္ကသိုလ်မှာ ပါမောက္ခတယောက်အဖြစ် အမေရိကန်လေ့လာရေးဘာသာရပ်ကို 1982 ခုနှစ်ကတည်းက သင်ကြားပြသခဲ့ပါတယ်။
XS
SM
MD
LG