သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အမေရိကန် အမျိုးသမီး တိုက်ခိုက်ရေး တပ်မှူး


မေလ ၁၃ရက်က Colorado Springs ရှိ Peterson လေတပ်စခန်းတွင် တွေ့ရသော လေတပ် ဗိုလ်ချုပ်ကြီး Lori Robinson။ ဓါတ်ပုံ (AP Photo/Brennan Linsley)
မေလ ၁၃ရက်က Colorado Springs ရှိ Peterson လေတပ်စခန်းတွင် တွေ့ရသော လေတပ် ဗိုလ်ချုပ်ကြီး Lori Robinson။ ဓါတ်ပုံ (AP Photo/Brennan Linsley)

အမေရိကန်စစ်တပ်က ပထမဆုံးအကြိမ်အဖြစ်နဲ့ အမျိုးသမီးတဦးကို တိုက်ခိုက်ရေး တပ်မှူးတဦးအဖြစ်နဲ့ ခန့်လိုက်ပါတယ်။ လေတပ်ဗိုလ်ချုပ်ကြီး Lori Robinson ဟာ အမေရိကန် စစ်တပ်ရဲ့ မြောက်ပိုင်း စစ်ဌာနချုပ် တပ်မှူးအဖြစ်နဲ့ သောကြာနေ့က ရာထူး လွှဲပြောင်း လက်ခံယူခဲ့ပါတယ်။

သူ့အနေနဲ့ စစ်တပ်ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ သူ့ရဲ့ အမိမြေ၊ ပြည်သူတွေ၊ နိုင်ငံရဲ့ အာဏာတွေ လွတ်လပ်စွာလုပ်ဆောင်ပိုင်ခွင့်တွေ ကို ခုခံ အကာအကွယ်ပေးဖို့ဆိုတဲ့ သူ့ရဲ့ အကြီးမားဆုံးတာဝန်ကြီးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

Ms. Robinson ဟာ အမေရိကန်ပြည်ထောင်စု၊ Alaska၊ ကနေဒါ၊ မက္ကဆီကို ၊ ဘဟားမား အပါအဝင် အဲဒီအနီးအနားတဝိုက်က ပင်လယ်ပြင်ကို အကာအကွယ် ပေးဖို့ အတွက် တာဝန်ယူရမှာဖြစ်ပါတယ်။

ခပ်မြန်မြန် လုပ်ရတဲ့ စစ်ဆင်ရေးအခြေအနေတွေမှာ Ms Robinson ရဲ့ ဦးဆောင်မှု နဲ့ ကွပ်ကဲအုပ်ချုပ်မှု စွမ်းရည်ကို ကာကွယ်ရေးဝန်ကြီး Ash Carter က ချီးကျူး လိုက်ပြီး၊ သူမဟာ ပေးအပ်လိုက်တဲ့ တာဝန်တိုင်းမှာ သူမရဲ့ ပြည်သူတွေအတွက် အရင်ဆုံး ဦးစားပေး လုပ်ဆောင်တယ်လို့ ပြောလိုက်ပါတယ်။

ပထမဆုံး အမေရိကန် အမျိုးသမီး တိုက်ခိုက်ရေး တပ်မှူး
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG