သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်


ဂရိရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီး Vassikiki Thanou
ဂရိရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီး Vassikiki Thanou

ဂရိနိုင်ငံရဲ့ ဗဟိုတရားရုံးတရားသူကြီးချုပ် Vassikiki Thanou ဟာ ယာယီအစိုးရရဲ့ အကြီးအကဲအဖြစ် ကြာသာပတေး နေ့မှာ ကျမ်းသစ္စာ ကျိမ်ဆိုလိုက်ပြီးနောက် သူမဟာ ဂရိနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

Ms. Thanou နဲ့ သူမဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြဿနာတွေကြုံနေရတဲ့ ဂရိနိုင်ငံကို အနည်းဆုံး စက်တင်ဘာလ ၂၀ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပချိန်အထိ တာဝန်ယူ အုပ်ချုပ် သွားမှာ ဖြစ်ပါတယ်။

ယာယီအိမ်စောင့်အစိုးရရဲ့ အဓိက တာဝန်ကတော့ တရားမျှတပြီး ချောချောမွေ့မွေ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ် တာဝန် လွှဲပြောင်း ရယူတဲ့ အခမ်းနားမှာ သူမကပြောပါတယ်။ ဒါပေမဲ့ အခြေအနေအရ ဒီအစိုးရအနေနဲ့ အရေးတကြီး ကိုင်တွယ်ရမယ့် လူဝင်မှုကြီးကြပ်ရေး လိုကိစ္စမျိုးကိုတော့ ကိုင်တွယ်ဖြေရှင်း ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဂရိနိုင်ငံဟာ ကာလကြာရှည်ဖြစ်ပွားနေတဲ့ စီးပွားရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေရချိန်မှာ ဂရိနိုင်ငံရဲ့ ပင်လယ်ကမ်းခြေကို အထူးသဖြင့် ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ အကြမ်းဖက်သမားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ဘေးရန်ကနေ ထွက်ပြေးလာကြတဲ့ ထောင်ပေါင်းများ စွာရှိတဲ့ ပြောင်းရွှေ့နေထိုင်သူတွေ ဝင်ရောက်လာနေတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တရားသူကြီးချုပ်လုပ်ခဲ့စဉ်အခါက Ms. Thanou ဟာ ဥရောပ သမဂ္ဂရဲ့ နောက်ထပ် ဘဏ္ဍာရေး အကူညီရယူဖို့အတွက် အစိုးရခံစားခွင့်တွေနဲ့ အသုံးစားရိတ် လျှော့ချရေး၊ ခြိုးခြံချွေတာရေး အစီအစဉ်ကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG