သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုကျွန်းပေါ်က နိုင်ငံခြားသားအလုပ်သမားတချုျိ့ ကယ်ဆယ်


အင်ဒိုနီးရှားမှာ ကျေးကျွန်သဖွယ်အလုပ်လုပ်နေကြရတဲ့ မြန်မာရေလုပ်သားတွေကို ကယ်ဆယ်လာစဉ်။ (ဧပြီ ၃၊ ၂၀၁၅)
အင်ဒိုနီးရှားမှာ ကျေးကျွန်သဖွယ်အလုပ်လုပ်နေကြရတဲ့ မြန်မာရေလုပ်သားတွေကို ကယ်ဆယ်လာစဉ်။ (ဧပြီ ၃၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံ Benjina ကျွန်းပေါ်မှာ ငါးဖမ်းလုပ်ငန်းအတွက် ကျွန်တွေသဖွယ် အခိုင်းခံခဲ့ရတဲ့ မြန်မာ၊ Cambodia နဲ့ Laos က အလုပ်သမားတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေ ကယ်တင်ခဲ့ပါတယ်။ Benjina ကျွန်းကနေ ကယ်ဆယ်ထားသူတွေကို သူတို့ ဘယ်သူဖြစ်ဝါဖြစ်တယ်ဆိုတာ စစ်ဆေးဖို့ အနီးက Tual ကျွန်းပေါ်ကို ဒီကနေ့ စနေနေ့မှာ ရောက်ရှိလာတာကို AP ရုပ်သံသတင်းက ထုတ်ပြန်ခဲ့တာပါ။

“ဘာပညာမှလည်း မရှိဘူးပေါ့နော်။ ဘာလုပ်ရမှန်းလည်းမသိဘူး။”

ပြန်လွတ်လာသူ ကိုဖုန်းမြင့်အောင်က သူလွတ်လာတဲ့အတွက် ဝမ်းနည်း ဝမ်းသာပြောသွားတာပါ၊ လွတ်လာသူတော်တော်များများက Benjina ကျွန်းပေါ် ကို ရောက်နေတာ နှစ်တော်တော်ကြာနေပြီတဲ့အတွက် ပြန်စရာ ပိုက်ဆံတပြားမှမရှိပေမဲ့ လွတ်လာတဲ့အတွက် ဝမ်းသာတယ်လို့ ပြောကြပါတယ်။

အမေရိကန်ဈေးကွက်တွေမှာ ရောင်းချနေတဲ့ ပင်လယ်စာတွေထဲမှာ ကျွန်တွေသဖွယ်အလုပ်လုပ်နေကြရတဲ့ ငါးဖမ်းသမားတွေ ဖမ်းပေးထားတဲ့ ပင်လယ်စာတွေလည်း ပါနေတယ်ဆိုတာကို AP သတင်းဌာနက စုံစမ်းပြီး ပြီးခဲ့တဲ့ သီတင်း ၁ ပတ်ကျော်က ဖော်ထုတ်ခဲ့တာပါ၊ အဲဒီသတင်းထွက်ပေါ်ခဲ့ပြီးနောက် အင်ဒိုနီးရှားအာဏာပိုင်တွေက နေရပ်မပြန်နိုင်ဘဲ သောင်တင်နေသူ ရာဂဏန်းကို သောကြာနေ့က ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Benjina ကျွန်းပေါ်မှာ မဝရေစာကျွေး၊ ထွက်ပြေးမှာစိုးတဲ့အတွက် လှောင်ပိတ်ထားပြီး ခိုင်းစေခြင်းခံနေရသူတွေနဲ့ အရင် အခိုင်းခံခဲ့ရသူတွေကို AP သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ပြီး သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ငါးဖမ်းသင်္ဘောတွေပေါ်မှာ တနေ့တနေ့ကို နာရီ ၂၀ ကနေ ၂၂ နာရီလောက်ကြာအောင် အလုပ်လုပ်နေကြရတယ်လို့ ပြောကြပါတယ်။ တချို့က လုပ်အားခမဖြစ်စလောက်သာရပြီး တချို့ဆို ရတောင်မရကြတဲ့အပြင် ခိုင်းစေသူတွေရဲ့ ရိုက်နှက်ကန်ကြောက်မှုကိုလည်း ခံရတယ်လို့ ပြောကြပါတယ်။

XS
SM
MD
LG