သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၅ ဦး လူသတ်မှုသံသယနဲ့ မလေးမှာ အဖမ်းခံရ


ဓါးဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးသူကို ရေခဲတိုက်သို့ပို့ဆောင်စဉ် ( ဓါတ်ပုံ -Bernama)

မလေးရှားနိုင်ငံ ပီနန်ကျွန်း Bukit Minyak စက်မှုဇုံက တိုက်ခန်းတခုမှာ နိုင်ငံခြားသား အလုပ်ရှာဖွေရေး အေဂျင်စီကလူတဦး ဓါးဒဏ်ရာ ၁၄ ချက်နဲ့ သေဆုံးမှုအတွက် သံသယရှိသူ မြန်မာနိုင်ငံသား ၅ ဦးကို မလေးအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ ၅ဦးထဲမှာ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး တဦးတို့ပါဝင်ကြပါတယ်။

အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေဟာ အသက် ၂၇ ကနေ ၄၀ ကြားရှိကြပြီး၊ Bukit Minyak ဒေသက စက်ရုံအသီးသီးမှာ အလုပ်လုပ်နေသူတွေ ဖြစ်တယ်လို့ Seberang Perai Tengah ရဲဌာန အရာရှိက ပြောပါတယ်။ လူသတ်မှုအတွက် သံသယရှိသူ မြန်မာ ၅ဦးဟာ သေဆုံးသူနဲ့အတူ နေထိုင် သူတွေဖြစ်တယ်လို့ ရဲက ပြောပါတယ်။

R. Manogaran အမည်ရှိ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ်ရှိပြီး နေ့ခင်းပိုင်းမှာ သူ့ကိုလာရှာတဲ့ စက်ရုံ ကားဒရိုင်ဘာတယောက်က အခန်းတခုထဲ သေဆုံးနေတာကို စတင်တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူဟာ မြန်မာနိုင်ငံသားတွေကို စက်ရုံတွေမှာ အလုပ်သွင်းပေးလေ့ရှိသူဖြစ်ကြောင်း၊ သူဟာ မြန်မာ ၁၀ဦးနဲ့ တိုက်ခန်းမှာ အတူနေတယ်လို့ ယူဆရကြောင်း ကားဒရိုင်ဘာက ပြောပါတယ်။

ဒီအတောတွင်း မလေးရှားရဲတွေက သေဆုံးသူနဲ့အတူနေပြီး လောလောဆယ် ပျောက်နေတဲ့ နောက်ထပ် မြန်မာ ၅ဦးကို ထပ်မံရှာဖွေနေပါတယ်။ ဒီလူသတ်မှုဖြစ်ရတာဟာ အလုပ်သမားတွေရဲ့ လုပ်ခလစာကိစ္စနဲ့ သက်ဆိုင်နိုင်သလို၊ အလုပ်သမားခံစားခွင့် အပြည့်အဝ မရတာနဲ့လည်း သက်ဆိုင်နိုင်တယ်လို့ ခန့်မှန်းကြောင်း ကားဒရိုင်ဘာက ရဲတွေကို ပြောပါတယ်။

မြန်မာ ၅ ဦး လူသတ်မှုသံသယနဲ့ မလေးမှာ အဖမ်းခံရ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG