သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ်နေအိမ် မီးကျည်နဲ့ ပစ်ခတ်ခံရ

နိုဝင်ဘာ ၁၇ ရက်နေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး (Photo by BASHAR TALEB / AFP)
နိုဝင်ဘာ ၁၇ ရက်နေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး (Photo by BASHAR TALEB / AFP)

အစ္စရေးနိုင်ငံ Caesarea ကမ်းရိုးတန်းမြို့က အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နေအိမ်ကို မီးကျည်တွေနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် မသင်္ကာသူ ၃ ယောက်ကို အစ္စရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ညဖက်မှာ မီးကျည် ၂ ခုနဲ့ ပစ်ခတ်ခံရချိန် ဝန်ကြီးချုပ်နဲ့ မိသားစုကတော့ အိမ်မှာ မရှိကြသလို၊ ထိခိုက်သူလည်း မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ မသင်္ကာသူတွေနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က တစုံတရာ မပြောပေမဲ့ ပစ်ခတ်မှုဟာ ပြည်တွင်းက နိုင်ငံရေး ဝေဖန်သူတွေလက်ချက် ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေ ယူဆနေကြတာပါ။ အစ္စရေးသမ္မတ Isaac Herzog ကတော့ တိုက်ခိုက်မှုအတွက် ရှုတ်ချလိုက်ပြီး၊ အများပြည်သူ သွားလာနေထိုင်ရာ နေရာတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ တိုးလာတဲ့အပေါ် သတိပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂါဇာဒေသမှာ အစ္စရေးရဲ့ ညဖက်လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။

လက်ဘနွန်မှာတော့ ဘေရွတ်မြို့တောင်ဖက် မြို့စွန်က အနည်းဆုံး အဆောက်အဦး ၇ ခုမှာ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ စစ်တပ်က သတိပေးပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ အစ္စရေးက တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

အမေရိကန်ရဲ့ စေ့စပ်မှုနဲ့ အပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းချက်ကို လက်ဘနွန် တာဝန်ရှိသူတွေ စဉ်းစားနေချိန်မှာပဲ ဟက်ဇ်ဘူလာ စစ်သွေးကြွတွေ အခိုင်အမာနေရာယူထားတဲ့ နယ်မြေမှာ တိုက်ခိုက်မှုတွေ ကြုံခဲ့ရတာပါ။

This item is part of

Forum

XS
SM
MD
LG