သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသည် ၁၃၂ ဦးပါ တရုတ်ခရီးသည်တင်လေယာဉ် ပျက်ကျ


ခရီးသည် ၁၃၃ ဦးတင်ဆောင်ပြီးပျက်ကျသွားတဲ့ China Eastern လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ အမျိုးအစား တရုတ်ခရီးသည်တင်လေယာဉ်။
ခရီးသည် ၁၃၃ ဦးတင်ဆောင်ပြီးပျက်ကျသွားတဲ့ China Eastern လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ အမျိုးအစား တရုတ်ခရီးသည်တင်လေယာဉ်။

[[Zawgyi/Unicode]]

ခရီးသည် ၁၃၂ ဦးတင်ဆောင်လာတဲ့ တရုတ်လေကြောင်းလိုင်းတခုပိုင် ခရီးသည် တင် လေယာဉ်တစင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီပြည်နယ်ထဲက တောင်တန်းတွေပေါ် ဒီကနေ့ ပျက်ကျသွားတယ်လို့ အစိုးရပိုင်သတင်းဌာနကကြေညာပါတယ်။

China Eastern လေကြောင်းလိုင်းက Boeing 737 လေယာဉ် Teng ကောင်တီ၊ Wuzhou မြို့အနီးမှာ တနင်္လာနေ့က ပျက်ကျသွားတာလို့လည်း CCTV သတင်းမှာ ကြေညာသွားပါတယ်။ လေယာဉ်ပျက်ကျရာနေရာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေပြီး လက်ရှိမှာတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတဲ့ သတင်းတွေတော့ချက်ချင်းထွက်မလာသေးပါဘူး။

ရှန်ဟိုင်းမြို့အခြေစိုက် China Eastern လေကြောင်းလိုင်းဟာ တရုတ်နိုင်ငံက ထိပ်တန်းလေကြောင်းလိုင်းသုံးခုမှာ တခုအပါအဝင်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ လေဆိပ်ပေါင်း၂၄၈ ခုကို လေယာဉ်ခရီးစဉ်တွေ ပျံသန်းနေပါတယ်။

ကူမင်းမြို့ ကနေ ကွမ်ကျိုးမြို့ကို ပျံသန်းနေတဲ့အချိန်အတွင်း Wuzhou မြို့အနောက်တောင်ဘက်ကလေးမှာတင် ရေဒါကနေ လေယာဉ်ပျောက်သွားတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဂျွန်လကစတင် ပျံသန်းနေတဲ့အင်ဂျင်နှစ်လုံးတပ် Boeing 737 ဟာခရီးတိုနဲ့ ခရီးလတ် အကွာအဝေးတွေပျံသန်းရာမှာ ကမ္ဘာတဝန်း လူကြိုက်များလှတဲ့ လေယာဉ်အမျိုးအစားလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
တရုတ်လေယာဉ်ပျက်ကျမှု ရှင်သန်သူမတွေ့သေး
please wait

No media source currently available

0:00 0:00:54 0:00

============

[[Unicode]]






XS
SM
MD
LG