[[Zawgyi/Unicode]]
ခရီးသည္ ၁၃၂ ဦးတင္ေဆာင္လာတဲ့ တ႐ုတ္ေလေၾကာင္းလိုင္းတခုပိုင္ ခရီးသည္ တင္ ေလယာဥ္တစင္း တ႐ုတ္ႏိုင္ငံေတာင္ပိုင္း၊ ကြမ္ရွိီျပည္နယ္ထဲက ေတာင္တန္းေတြေပၚ ဒီကေန႔ ပ်က္က်သြားတယ္လို႔ အစိုးရပိုင္သတင္းဌာနကေၾကညာပါတယ္။
China Eastern ေလေၾကာင္းလိုင္းက Boeing 737 ေလယာဥ္ Teng ေကာင္တီ၊ Wuzhou ၿမိဳ႕အနီးမွာ တနလၤာေန႔က ပ်က္က်သြားတာလို႔လည္း CCTV သတင္းမွာ ေၾကညာသြားပါတယ္။ ေလယာဥ္ပ်က္က်ရာေနရာကို ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ေတြ သြားေရာက္ေနၿပီး လက္ရွိမွာေတာ့ ေသဆုံးသူနဲ႔ ထိခိုက္ဒဏ္ရာရသူ ဘယ္ႏွစ္ေယာက္ရွိသလဲဆိုတဲ့ သတင္းေတြေတာ့ခ်က္ခ်င္းထြက္မလာေသးပါဘူး။
ရွန္ဟိုင္းၿမိဳ႕အေျခစိုက္ China Eastern ေလေၾကာင္းလိုင္းဟာ တ႐ုတ္ႏိုင္ငံက ထိပ္တန္းေလေၾကာင္းလိုင္းသုံးခုမွာ တခုအပါအဝင္ျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပ ေလဆိပ္ေပါင္း၂၄၈ ခုကို ေလယာဥ္ခရီးစဥ္ေတြ ပ်ံသန္းေနပါတယ္။
ကူမင္းၿမိဳ႕ ကေန ကြမ္က်ဳိးၿမိဳ႕ကို ပ်ံသန္းေနတဲ့အခ်ိန္အတြင္း Wuzhou ၿမိဳ႕အေနာက္ေတာင္ဘက္ကေလးမွာတင္ ေရဒါကေန ေလယာဥ္ေပ်ာက္သြားတာျဖစ္ပါတယ္။
၂၀၁၅ ခုႏွစ္ ဂြၽန္လကစတင္ ပ်ံသန္းေနတဲ့အင္ဂ်င္ႏွစ္လုံးတပ္ Boeing 737 ဟာခရီးတိုနဲ႔ ခရီးလတ္ အကြာအေဝးေတြပ်ံသန္းရာမွာ ကမာၻတဝန္း လူႀကိဳက္မ်ားလွတဲ့ ေလယာဥ္အမ်ိဳးအစားလည္းျဖစ္ပါတယ္။
============
[[Unicode]]
ခရီးသည် ၁၃၂ ဦးပါ တရုတ်ခရီးသည်တင်လေယာဉ် ပျက်ကျ
ခရီးသည် ၁၃၂ ဦးတင်ဆောင်လာတဲ့ တရုတ်လေကြောင်းလိုင်းတခုပိုင် ခရီးသည် တင် လေယာဉ်တစင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီပြည်နယ်ထဲက တောင်တန်းတွေပေါ် ဒီကနေ့ ပျက်ကျသွားတယ်လို့ အစိုးရပိုင်သတင်းဌာနကကြေညာပါတယ်။
China Eastern လေကြောင်းလိုင်းက Boeing 737 လေယာဉ် Teng ကောင်တီ၊ Wuzhou မြို့အနီးမှာ တနင်္လာနေ့က ပျက်ကျသွားတာလို့လည်း CCTV သတင်းမှာ ကြေညာသွားပါတယ်။ လေယာဉ်ပျက်ကျရာနေရာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်နေပြီး လက်ရှိမှာတော့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတဲ့ သတင်းတွေတော့ချက်ချင်းထွက်မလာသေးပါဘူး။
ရှန်ဟိုင်းမြို့အခြေစိုက် China Eastern လေကြောင်းလိုင်းဟာ တရုတ်နိုင်ငံက ထိပ်တန်းလေကြောင်းလိုင်းသုံးခုမှာ တခုအပါအဝင်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ လေဆိပ်ပေါင်း၂၄၈ ခုကို လေယာဉ်ခရီးစဉ်တွေ ပျံသန်းနေပါတယ်။
ကူမင်းမြို့ ကနေ ကွမ်ကျိုးမြို့ကို ပျံသန်းနေတဲ့အချိန်အတွင်း Wuzhou မြို့အနောက်တောင်ဘက်ကလေးမှာတင် ရေဒါကနေ လေယာဉ်ပျောက်သွားတာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ဂျွန်လကစတင် ပျံသန်းနေတဲ့အင်ဂျင်နှစ်လုံးတပ် Boeing 737 ဟာခရီးတိုနဲ့ ခရီးလတ် အကွာအဝေးတွေပျံသန်းရာမှာ ကမ္ဘာတဝန်း လူကြိုက်များလှတဲ့ လေယာဉ်အမျိုးအစားလည်းဖြစ်ပါတယ်။