သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး မလေးရှားလေယာဉ်ဟု ယူဆရတဲ့ သဲလွန်စများ အိန္ဒိယ သမုဒ္ဒရာအတွင်းတွေ့


 ဂြိုလ်တုပေါ်က ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာ
သဲသဲကွဲကွဲမရှိတဲ့ အရာဝတ္တုကြီးတွေ ရေပေါ် မှာ ပေါ်ပြီးမျောနေတာကို
မြင်တွေ့ရပါတယ်။ (မတ်လ ၂၀၊ ၂၀၁၄)
ဂြိုလ်တုပေါ်က ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာ သဲသဲကွဲကွဲမရှိတဲ့ အရာဝတ္တုကြီးတွေ ရေပေါ် မှာ ပေါ်ပြီးမျောနေတာကို မြင်တွေ့ရပါတယ်။ (မတ်လ ၂၀၊ ၂၀၁၄)
ပျောက်နေတဲ့ မလေးရှားလေကြောင်းလိုင်းက အရာဝတ္တုတွေဖြစ်နိုင်တဲ့ ဂြိုလ်တု ဓါတ်ပုံတွေကို Australia က ထုတ်ပြန်ခဲ့ပြီးနောက် India သမုဒ္ဒရာရဲ့ တောင်ဖက် ဝေးလံတဲ့နေရာတွေ အပေါ်မှာ ထောက်လှမ်းရေး လေယာဉ်နဲ့ လိုက်ရှာနေကြပါတယ်၊ Australia နိုင်ငံအနောက်ဖက်က Perth မြို့ရဲ့
အနောက်တောင်ပိုင်း မိုင် ၁၅၀၀ လောက်အကွာ မိုင်ပေါင်း တစ်သောင်းလေးထောင်ကျော် ပါတ်လည် ရှိတဲ့ ဧရိယာမှာ လုပ်နေတဲ့ ရှာဖွေရေးဟာ ရာသီဥတုအခြေအနေကြောင့် အဝေးကြီး မမြင်နိုင်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်၊ ပျောက်နေတဲ့ လေယာဉ်က ဖြစ်နိုင်တဲ့ အပိုင်းအစတွေကို အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ တွေ့ရှိထားတယ်လို့ Australia ဝန်ကြီးချုပ်Tony Abbott က ဒီကနေ့ အစောပိုင်းကလဲ Australia လွှတ်တော်ကို
အသိပေးခဲ့ပါတယ်။

ဂြိုလ်တုကရတဲ့ ဓါတ်ပုံတွေကို အခြေခံပြီး Australia
ရေကြောင်းလုံခြုံရေး အာဏာပိုင်တွေက အချက်အလက်တွေ သိခဲ့ရတာလို့
ဝန်ကြီးချုပ်က ပြောပါတယ်၊ ဂြိုလ်တုကနေမြင်ရတဲ့ အရာဝတ္ထုတွေ ဘယ်မှာ
အတိအကျရှိသလဲဆိုတာ ရှာဖွေနိုင်ဖို့ သိပ်ကို ခက်ခဲပြီး လိုက်ရှာနေကြတဲ့
လေယာဉ်ကလဲ ဖြစ်ချင်မှဖြစ်မယ် ဆိုတာကို ဝန်ကြီးချုပ် Abbott
ကအလေးထားပြောကြားခဲ့ပါတယ်၊ ဂြိုလ်တုပေါ်ကနေ လှမ်းမြင်ရတဲ့
အရာဝတ္ထုကြီးတွေဟာ တွေ့ရတဲ့ ဖက်မှာ ရှာဖွေရေးကို
ပြောင်းလုပ်သင့်လောက်တဲ့ အထိ လေယာဉ်ပျက် အပိုင်းအစတွေ
ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း Australia လေတပ်တပ်မှုးကြီး John McGarry က ပြောခဲ့ပါတယ်။

ကူညီရှာဖွေပေးနေတဲ့နိုင်ငံတချို့ရဲ့ သင်္ဘောနဲ့ လေယာဉ်တော်တော်များများကလဲ
အဲ့ဒီဖက်ကို လှည့်သွားနေကြပါတယ်၊ ဂြိုလ်တုပေါ်က ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာ
သဲသဲကွဲကွဲမရှိတဲ့ အရာဝတ္တုကြီးတွေ ရေပေါ်မှာ ပေါ်ပြီးမျောနေတာကို
မြင်တွေ့ရပါတယ်၊ အရာဝတ္တုတခုက ၂၄ မီတာလောက်ရှည်ပြီး နောက်တခုက ၅
မီတာလောက်ရှည်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းကြပါတယ်။
XS
SM
MD
LG