သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၄ သန်းခွဲ​ ရေဘေးသင့်နေ


ဘင်္ဂလားဒေရှ့်နိုင်ငံ အနောက်ပိုင်းမှာ ရေကြီးနေစဉ် (ဩဂုတ် ၂၂၊ ၂၀၂၄)
ဘင်္ဂလားဒေရှ့်နိုင်ငံ အနောက်ပိုင်းမှာ ရေကြီးနေစဉ် (ဩဂုတ် ၂၂၊ ၂၀၂၄)

ဘင်္ဂလားဒေရှ့်နိုင်ငံ အနောက်ပိုင်းမှာ အကြီးအကျယ် ရေကြီးမှုကြောင့် သေဆုံးသူ ၁၃ ယောက်ထက်မနည်းရှိနေပြီး လူပေါင်း ၄ သန်းခွဲ ရေဘေးဒုက္ခရောက်နေကြတယ်လို့ အစိုးရက ပြောပါတယ်။ နိုင်ငံထဲက ခရိုင်ပေါင်း ၆၄ ခုထဲက ၁၁ ခုရေကြီးတဲ့ဒဏ်ခံနေရတယ်လို့ သဘာဝဘေးဒဏ် စီမံခန့် ခွဲရေးနဲ့ ကယ်ဆယ် ကူညီရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂ သိန်းနီးပါးကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတယ်လို့ ပြောပါတယ်။ ဒေသတချို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေ ပြတ်တောက်နေတဲ့အတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တချို့နေရာတွေမှာ မိုးတွေဆက်ရွာပြီး မြစ်ရေတွေ လျှံ၊ ရေမြုပ်နေတဲ့ နေအိမ်တွေပတ်လည်မှာ မြစ်ပြင်ကြီးလို ဖြစ်နေပါတယ်။

လူဦးရေ ၁၇၀ လောက်ရှိတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ အခုနှစ်ပိုင်းတွေအတွင်း မကြာခဏ ရေကြီးမှုတွေဖြစ်နေပါတယ်။ သဘာဝဘေးဒဏ်နဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဆုံးခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေရှ့်နိုင်ငံပါတယ်လို့ ကမ္ဘာတဝန်း မိုးလေဝအန္တရာယ် လေ့လာရေးဆိုင်ရာ Global Climate Risk Index ကပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၄ သန်းခွဲ​ ရေဘေးသင့်နေ
please wait

No media source currently available

0:00 0:00:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG