သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းနဲ့ ငဝန်မြစ် စိုးရိမ်ရေမှတ်တက်


စစ်ကိုင်းတိုင်းတွင်း ရေကြီးနေစဉ်။
စစ်ကိုင်းတိုင်းတွင်း ရေကြီးနေစဉ်။

ချင်းတွင်းမြစ်ရေဟာ နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် အထက် မြင့်တက်နေမှာဖြစ်ပြီး ငဝန်မြစ်ရေဟာလည်း စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြစ်ကမ်းနားမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးဇလ ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးပါမယ်။

လက်ရှိ ချင်းတွင်းမြစ်ရေ မြင့်တက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၊ ဟုမ္မလင်းမြို့နဲ့ မော်လိုက်မြို့တွေမှာ နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ရှိနေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောဆိုလိုက်ပါတယ်။

" ၂၂ရက်နေ့မှာတော့ ရေက တက်မယ့်အနေအထားဖြစ်တယ် အဲ့လို တက်မယ့်အနေအထားဖြစ်တာကြောင့် ကလေးဝမြို့နားမှာ စိုးရိမ်ရေမှတ်အောက်ကိုရောက်နေတယ်။ နောက် ၂၄နာရီ ကျော်ရင်တော့ စိုးရိမ်ရေမှတ်နားကို ရောက်နိုင်တဲ့အနေအထားမျိုးတွေ ရှိတယ်ပေါ့နော်။ ပြီးသွားရင် ချင်းတွင်းမြို့မှာပဲ ဟုမ္မလင်းပေါ့နော် ဟုမ္မလင်းဆိုရင်လည်း ရေက ဆက်တက်ဦးမှာဖြစ်တဲ့အတွက် စိုးရိမ်ရေမှတ်အထက်နားမှာ ဆက်ရှိနေဦးမယ့် အနေအထားဖြစ်ပါတယ်။ အဲ့လိုပဲ မော်လိုက်မှာလဲ စိုးရိမ်ရေမှတ်ကို ရောက်ဖို့ နည်းနည်းနီးတဲ့အနေအထားဖြစ်နေတယ်။"

ချင်းတွင်း မြစ်ရေကြီးမှု အခြေအနေသတင်းများ ထုတ်ပြန်ချက် MOI
ချင်းတွင်း မြစ်ရေကြီးမှု အခြေအနေသတင်းများ ထုတ်ပြန်ချက် MOI

ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာ မင်းကင်းမြို့နဲ့ ကနီမြို့တွေမှာလည်း နောက်နှစ်ရက် အတွင်း စိုးရိမ်ရေမှတ်ကို ကျော်လွန်နေမှာပါ။

ဧရာဝတီတိုင်းဒေသကြီး ငသိုင်းချောင်းမြို့မှာ ငဝန်မြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ ဦးကျော်မိုးဦးက ဆက်ပြောပါတယ်။

" အဲ့လိုမျိုးပဲ ငဝန်မြစ်မှာတော့ ငသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်နေတာပေါ့နော်။ ကျော်နေတော့ ငသိုင်းချောင်းမှာတော့ နောက်ထပ် ငါးရက်၊ ခြောက်ရက်အထိ ဒီအနေအထားနဲ့ပဲ ဆက်ပြီးတော့ ရှိနေဦးမယ့် အနေအထားလေးတွေရှိပါတယ်။ "

ငဝန်မြစ် မြစ်ရေကြီးမှု အခြေအနေသတင်းများ ထုတ်ပြန်ချက် MOI
ငဝန်မြစ် မြစ်ရေကြီးမှု အခြေအနေသတင်းများ ထုတ်ပြန်ချက် MOI

မြစ်ရေကြီးနေတာကြောင့် မြစ်ကြောင်းတစ်လျှောက်နေထိုင်သူတွေ၊ ရေကြောင်းခရီးသွားလာသူတွေအနေနဲ့ အထူးဂရုပြု သွားလာကြဖို့ ဦးကျော်မိုးဦးက သတိပေးပါတယ်။

ဒါ့အပြင် ဇူလိုင်လနဲ့ သြဂုတ်လတွေမှာ မြစ်ရေကြီးလေ့ရှိတာကြောင့် မိုးလေဝသသတင်းတွေကို ဂရုစိုက်နားထောင်နေဖို့လည်း အကြံပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG