သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ ရေဘေးသင့်


ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရေကြီးမှု အခြေအနေ (ဓာတ်ပုံ - MOI)
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရေကြီးမှု အခြေအနေ (ဓာတ်ပုံ - MOI)

ချင်းတွင်းမြစ်တလျှောက် မြစ်ရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စိုးရိမ်ချက် သတိပေးထားချိန်းမှာပဲ ရခိုင်ပြည်နယ် ဒေသတချို့မှာ ရေလွှမ်းမိုးလာတာတွေ ရှိနေပြီး၊ မင်းပြားမြို့မှာတော့ နေအိမ်တချို့ ရေမြုပ်နေပြီး တချို့လူတွေ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်း နေထိုင်ရတယ်လို့ ဒေသခံ ကိုမင်းမင်း က ပြောပါတယ်။ အသေးစိတ်ကို ကိုဉာဏ်ဝင်းအောင် က တင်ပြထားပါတယ်။

“လမ်းတောက်လျှောက် ရေမြုပ်နေတာပေါ့။ အိမ်တွေ ဘာတွေ မြုပ်တာရှိတာပေါ့။ တနှစ်တကြိမ်လောက်တော့ ဒီရာသီဆိုဖြစ်ပါတယ်။ ချင်းပြည်နယ် ဖလန်းမှာ မိုးများရင် ဒီဘက်မှာ ရေများတာပဲ။ ဒါ ဟိုးအထက်မှာ မိုးများလို့ရှိရင် ကျရတဲ့ ရေတွေအကုန်လုံး ဒီမှာ လာပြီးတော့ စုတယ်။ ဘုန်းကြီးကျောင်းတို့၊ ဘာတို့ ညာတို့မှာ ကပ်ပြီး နေကြတယ်ပေါ့ လောလောဆယ်တော့။ အခုထိကတော့ စားရေးသောက်ရေးက အခက်အခဲ မရှိတော့ဘူး။”

မင်းပြားမြို့ရဲ့ အထက်ဘက် ကျောက်တော်မြို့ပေါ်မှာတော့ ရေမကြီးသေးပေမဲ့ နယ်ဘက်က ရွာတွေမှာ လယ်တွေ အနည်းငယ် ရေမြုပ်နေသလို တချို့နေရာတွေမှာ သွားရေးလာရေး အခက်အခဲ ရှိနေပါတယ်။ လာမယ့်ရက်အတွင်း မိုးပိုများလာမှာကို စိုးရိမ်နေကြကြောင်း ကျောက်တော် မြို့ခံ ဦးစိန်ထွန်း က ပြောပါတယ်။

“ကျောက်တော်မှာ နေ့ခင်းကတော့ ရွာတွေမှာ နည်းနည်း ရေကြီးတယ်။ သွားမရတဲ့ဟာတွေလောက်ပဲ ရှိတယ်။ အရင်အခါလို စိုးရိမ်စရာ အခြေအနေအထိတော့ မဖြစ်သေးဘူး။ နောက်ထပ် တရက်၊ နှစ်ရက် ဆက်ရွာရင်တော့ ပြောလို့မရဘူး။”

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့အင်္ဂါနေ့ည (၇) နာရီ သတင်းထုတ်ပြန်ချက်အရ ရခိုင်ကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်ပြင်နဲ့ မြစ်ဝကျွန်းပေါ်တွေမှာ ရန်ဖန်ရန်ခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမယ်လို့ ကြေညာထားပါတယ်။ နောက် (၂) ရက်အတွက် ခန့်မှန်းချက်အဖြစ် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးပိုများလာ နိုင်ပါတယ်ခင်ဗျာ။

တဆက်တည်းမှာပဲ - ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ မိုးကောင်းနေဆဲရှိပြီး ရေကြီးနိုင်မယ့် အခြေအနေကြောင့် သတိထားဖို့ လိုတယ်လို့ မိုးလေဝသဦးစီးဌာနက ပြောပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးစဲပြီး ရေကြီးမယ့် အန္တရာယ် ရှိနေသေးတယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်တလျှောက်မှာ မြစ်ရေကြီးမှုစိုးရိမ်ချက် သတိပေးထားပါတယ်။ အခုလက်ရှိမှာတော့ မြောက်ဦးမှာ ရေကြီးနေတာကြောင့် ကူညီကယ်ဆယ်မှုတွေ လုပ်နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့နေ့လည် နောက်ဆုံးတိုင်းတာချက် ထုတ်ပြန်မှုအရ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပါတယ်။ နောက် နှစ်ရက်အတွင်းမှာ နှစ်ပေခန့် ဆက်လက် ရေတက်လာနိုင်တယ်လို့ ချင်းတွင်းမြစ်တလျှောက် နေထိုင်ကြသူတွေကို မိုးလေဝသဦးစီးဌာနက သတိပေးထားပါတယ်။

လက်ရှိ ရေကြီးနိုင်မှု အခြေအနေနဲ့ ပတ်သတ်ပြီး မိုးလေဝသဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက အခုလို ပြောပြပါတယ်။

“ကျနော်တို့လည်း လက်ရှိ သတိပေးထားတာရှိတယ် အဲဒီချင်းတွင်းမြစ်မှာ ခန္တီးနဲ့ ဟုမ္မလင်းဆိုရင် စိုးရိမ်ရေမှတ်ကို ရောက်နေပြီ။ တစ်ရက်၊ နှစ်ရက်အတွင်း ဆက်လက် တည်ရှိဦးမယ်ဆိုပြီး စိုးရိမ်ရေမှတ်အထက်မှာ မော်လိုက်၊ ကလေးဝ၊ တမူး စတဲ့မြို့တွေမှာ နောက် တစ်ရက်၊ နှစ်ရက် စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာပါ။ ရခိုင်မှာတော့ မိုးများတယ်။ သူကတော့ အန္တရာယ်ရှိလောက်အောင် သုံး၊ လေး ရက်ဆက်တိုက် ကျန်နေတဲ့ မြစ်တွေ၊ ချောင်းတွေ မဟုတ်တဲ့အတွက် ဒီရခိုင်ဘက်မှာတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိတော့ဘူး။ မိုးများတဲ့အခါမျိုးမှာ တောင်ကုန်းတောင်စောင်းတွေက မြေပြိုမှုတွေပေါ့လေ ရခိုင်ဘက်ကို ပြောတာပေါ့နော်။”

မိုးရွာသွန်းမှုအခြေအနေအရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသက ထုတ်ပြန်ထားပါတယ်။

ရခိုင်ဘက်မှာ မိုးရွာသွန်းမှု များနေတာကြောင့် မြောက်ဦးဘက်မှာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်မိုးရေချိန်လက်မ ရတဲ့အထိ မိုးရွာမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။ ဒီပြင် ကျောက်တော်ဒေသမှာလည်း နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရေချိန်လက်မ ရတဲ့အထိ ရွာခဲ့တာတွေ ရှိနေပါတယ်။ ဒီလိုရှိနေပေမဲ့ ရခိုင်ဒေသအချို့တွေမှာ ကြိုတင် ပြင်ဆင်မှုပိုင်းနဲ့ သတိပေးမှုပိုင်းတွေ အားနည်းနေတယ်လို့ ဝေဖန် ထောက်ပြတာတွေ ရှိနေပါတယ်။ လက်ရှိနှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရေချိန်လက်မ ရတဲ့အထိ မိုးရွာသွန်းမှုရှိနေတဲ့ ကျောက်တော်ဒေသက ဦးစိုးငြိမ်းက ကြိုတင်ပြင်ဆင်မှုနဲ့ အသိပေးမှု အပိုင်းနဲ့ ပတ်သတ်ပြီး ခုလို ပြောပါတယ်။

“နောက်ထပ် နှစ်ရက်လောက် သုံးရက်လောက် မိုးကြီးမယ်ဆိုရင် ရေကြီးနိုင်တဲ့ အခြေအနေ အများကြီးရှိပါတယ်။ ရေကြီးနိုင်မယ့် အနေအထားတော့ ရှိတယ်။ ဟိုဘက် အောက်ပိုင်းဘက်တို့ ဘာတို့ဆိုရင် ပေါင်းတည်တို့၊ အုတ်တွင်းတို့ စတဲ့ဘက်တွေမှာ ရေက မိုးရွာတာနဲ့ လယ်ကွက်တွေ ဘာတွေတော့ မြုပ်နေပြီလေ။ မိုးကလည်း တိတ်လိုက်၊ ရွာလိုက်နဲ့ပဲ။ ခန့်မှန်းလို့တော့ မရဘူးဖြစ်နေတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်းကတော့ အရမ်းကို အားနည်းပါတယ်။ ဒါကတော့ ကျနော်တို့ အမြဲ ကြုံနေရတဲ့ပြဿနာပါ ဒါကတော့။ ပြည်သူလူထုတွေကို တရားဝင် ကြေညာတာမျိုးတော့ မရှိသေးပါဘူး။ ကြိုတင်ပြင်ဆင်တာတွေ ဘာတွေလည်း မရှိသေးပါဘူး။”

လက်ရှိချိန်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအား အနည်းငယ်မှ အားအသင့်အတင့် ရှိ‌နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါတယ်ရှင်။

ရခိုင်ရေဘေးသင့်
please wait

No media source currently available

0:00 0:05:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG