သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီမြစ်ရေ ဇလွန်မြို့၌ စိုးရိမ်ရေမှတ်ကျော်လွန်

(Photo: Myanmar Fire Services Department)
1/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
2/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
3/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
4/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
5/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
6/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
7/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
8/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
9/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
10/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
11/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
12/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
13/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
14/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
15/16 (Photo: Myanmar Fire Services Department)
(Photo: Myanmar Fire Services Department)
16/16 (Photo: Myanmar Fire Services Department)
Previous slide
Next slide

ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်းတွင်း အရေးပေါ် ကယ်ဆယ်ရေးတွေကို အဆက်မပြတ် ဆောင်ရွက်နေကြောင်း ဒေသခံ မီးသတ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဇလွန်ဘက်မှာ စိုးရိမ်ရေအမှတ် (၃၈) ပေ ကျော်ပြီး နောက်ထပ် ၃ ပေလောက် မြင့်တက်လာတဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အခုလို ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တပ်မတော်ဘက်က အချိန်မရွေး ပူးပေါင်းဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီးကလည်း မနေ့က နေပြည်တော်မှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

အခုရေလွှမ်းမိုးမှုဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ ဧရာဝတီတိုင်း ဇလွန်မြို့နယ်ဘက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လက်ရှိအခြေအနေထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဇလွန်မီးသတ်ဌာန ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တာဝန်ကျဝန်ထမ်းတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ညဘက်တွေမှာ ရေကင်းလှည့်ပေးပါတယ်ခင်ဗျ။ ရွှေ့ရတဲ့အိမ်တွေဘာတွေ ဝိုင်းဆောက်ပေးပါတယ်။ ကျနော်တို့ကို ဌာနကချပေးတဲ့ speed boat တွေနဲ့ ကယ်ဆယ်ပါတယ်။ ဘုန်းကြီးကျောင်းတွေ အမျိုးအိမ်တွေ ဘာတွေမှာ ကျနော်တို့ ရွှေ့ပေးပါတယ်။ အိမ်ထောင်စုကတော့ ၁၀၀၀ ကျော်လောက်တော့ ရှိမယ်ခင်ဗျ။ စာရင်းဇယားနဲ့ပဲရှိတယ်။”

မေး - လူအသေအပျောက် ဒါမှမဟုတ် တိရစ္ဆာန်ပေါ့နော် မွေးမြူရေးလုပ်ငန်း အဲလိုအခြေအနေတွေကရော ဘယ်လိုရှိလဲရှင့်။

ဖြေ - “မရှိပါဘူးခင်ဗျ။ အဲဒါကတော့ ကျနော်တို့ ကြိုတင်ပြီးတော့ ကယ်ဆယ်ရေးလုပ်ထားတဲ့အတွက် မရှိသေးပါဘူး။”

မေး - ပြန်ပြီးတော့ ရေကျမယ့် အနေအထား၊ နောက်တခါ စိုးရိမ်ရတဲ့ အနေအထားတွေကျတော့ ဘယ်လိုဆောင်ရွက်ပေးနေလဲရှင့်။

ဖြေ - “ရေကတော့ နောက်ထပ် နည်းနည်း တက်မယ်လို့တော့ ရှိတယ်။ နောက်ထပ် ၁ ပေလောက်တော့ ထပ်တက်ပါမယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး နေ့တိုင်းပဲ ရှာဖွေကယ်ဆယ်ရေး ထွက်နေပါတယ်။”

မေး - အခုကတော့ ဇလွန်ဘက်အခြမ်းပေါ့နော်။ ဇလွန်ဒေသတဝိုက်ဆိုတော့ တခြား ဧရာဝတီတတိုင်းလုံး အနေအထားအရကျတော့ရော ဘယ်လိုရှိလဲရှင့်။

ဖြေ - “ဧရာဝတီတိုင်းတခုလုံး အနေအထားကတော့ ရေနည်းနည်းတော့ ကြီးနေပါတယ်။ ဒီဘက်မှာလည်း တော်တော် ရေကြီးနေပါတယ်။ မနှစ်ကထက် ၁ ပေတော့ ကျော်သွားပြီခင်ဗျ။ မိုးရွာသွန်းမှုကတော့ တနေ့ကို ၄၊ ၅ နာရီလောက်ရှိပါတယ်။ အဆက်မပြတ်ကိုရွာတယ်။ မြစ်ရေကလည်း တက်တယ်။ အခုဆိုရင် ကျနော်တို့ ဇလွန်က ၄၁.၈၅ တောင် ဖြစ်သွားပြီ။ စိုးရိမ်ရေမှတ်က ဇလွန်မှာဆို ၃၈ ပေ၊ အခုဆိုရင် ၃၈ ပေကို ၃ ပေထပ်ကျော်သွားတဲ့အတွက် အနီရောင်ဖြစ်သွားပါတယ်။”

မေး - အခု လူထု ဒေသခံအခြေအနေတွေရော ဘယ်လိုရှိလဲရှင့်။ သူတို့တွေက အချိန်နဲ့အမျှ ဘေးအန္တရာယ်အခြေအနေကိုရော သူတို့ သိနေလားရှင့်။

ဖြေ - “ဟုတ်ကဲ့ လူထုတွေက သတိအနေအထားတော့ ရှိတာပေါ့။ တခုခုဖြစ်တယ်ဆိုရင်လည်း ကျနော်တို့ကို အကြောင်းကြား၊ ချက်ခြင်း ပြောကြဖို့လည်း မှာထားပါတယ်။ တခုခုဖြစ်တယ်ဆိုရင်တောင် တရွာလုံးက ဝိုင်းပြီး လုပ်ပါတယ်။ ကျနော်တို့လည်း အားရပါတယ်။ သူတို့ အဲ့ဒီလို လုပ်ပေးတဲ့အတွက်ကို။ ကျနော်တို့လုပ်ရတာလည်း ပိုပြီးတော့ အားရှိတယ်။ သူတို့လည်း ဝိုင်းပြီးတော့ လုပ်ပါတယ်။ ကျနော်တို့လာတော့လည်း ရပ်ရွာက အားလုံး ပျော်ကြပါတယ်။”

အရင်နှစ်တွေနဲ့မတူပဲ NLD အစိုးရသစ်လက်ထက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေဘက်က ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးရှိခဲ့တာကြောင့် အကျိုးသက်ရောက်မှုတွေရှိခဲ့ကြောင်းလည်း သူကပြောပါတယ်။

အလားတူ မနေ့ သောကြာနေ့က နေပြည်တော်မှာ အစိုးရအနေနဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ ရေကြီးမှုဒဏ်ခံနေရတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို တပ်မတော်ဘက်က အချိန်မရွေးအဆင်သင့် ပူးပေါင်းဆောင်ရွက်ဖို့ ညွန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက အခုလို ပြောကြားသွားပါတယ်။

“ကျနော်တို့ တပ်မတော်အနေနဲ့ကတော့ အမိန့်စောင့်နေစရာ မလိုဘဲနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တယ်လို့ သိတာနဲ့တပြိုင်တည်း အဲဒီတပ်ရင်းတပ်ဖွဲ့တွေက သွားရောက်ကူညီပေးကြဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ အမိန့်စောင့်စရာ မလိုပါဘူး။ သတင်းပို့သွားရုံနဲ့ လိုအပ်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ လက်တွေ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာတော့ ပြည်နယ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ပါဝင်တယ်။ ကျနော်တို့ဘက်က ဆောင်ရွက်ပေးနိုင်တာလေးတွေ တင်ပြတယ်။ တပ်မတော်ကဆိုရင် ဆေးရုံသင်္ဘောနှစ်စင်းရှိပါတယ်။ ကမ်းရိုးတန်းသွား တစီးရှိပါတယ်။ မြစ်တွင်းသွား တစီးရှိပါတယ်။ လိုအပ်ရင် တောင်းခံနိုင်ပါတယ်။”

ဒီအစည်းအဝေးကို တိုင်းနဲ့ပြည်နယ် အသီးသီးက ဝန်ကြီးချုပ်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီက လက်ရှိ ဧရာဝတီတိုင်းအတွင်း ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းထောက်တွေကို အစည်းအဝေးအပြီး အခုလို ပြောသွားပါတယ်။

“စိုးရိမ်တာက ရေသေနဲ့ ရေထ ဆိုတာရှိတယ်။ အခုက ရေထကြီးပဲဖြစ်နေတဲ့အတွက်ကြောင့်မို့ ပင်လယ်ထဲကို စီးဝင်မယ့်အစား ပင်လယ်က ပိတ်ထားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ တော်တော်လေး ခံရမယ်လို့ ယူဆတယ်။ ဒါပေမဲ့လို့ အကုန်လုံး သဲအိတ်တွေဘာတွေ အကုန်လုံး လုပ်ထားပြီးသား။ ရေကာတာတွေလည်း အဲဒီအပေါ်မှာ သဲအိတ်တွေ အဆင်သင့် အကုန်လုံး သောင်းနဲ့ချီပြီး ယူထားပြီးပြီ။ ဘယ်လောက်မြင့်တက်လာမလဲဆိုတာတော့ မသိသေးဘူး။”

မုတ်သုန်မိုးရွာသွန်းမှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေ အပါအဝင် ချင်းပြည်နယ်မှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရပြီး သိန်းနဲ့ချီရှိနေတဲ့ ရေဘေးသင့်ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့ရေးတွေ လိုအပ်နေကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်ရေ ဇလွန်မြို့၌ စိုးရိမ်ရေမှတ်ကျော်လွန်
please wait

No media source currently available

0:00 0:04:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG