သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာက္ျမန္မာျပည္တလႊား မိုးသည္းၿပီးေရႀကီးေရလွ်ံ


မိုးမ်ားေရႀကီးၿပီး ေနအိမ္ေတြ ေရနစ္ျမဳပ္ (ဇူလိုင္ ၂၀၂၁)

ZAWGYI/UNICODE

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္းေတြအတြင္း တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕မွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီး ေရလွ်ံမႈေတြျဖစ္ေပၚခဲ့တာေၾကာင့္ ေရေဘးသင့္ ျပည္သူေတြ ေထာင္နဲ႔ခ်ီရွိတယ္လို႔ ပရဟိတအကူအညီေပးေတြက ေျပာပါတယ္။ က်ိဳက္မေရာၿမိဳ႕နယ္၊ ဦးေလးေက်း႐ြာမွာ ဒီကေန႔အထိ ႐ြာလုံးကြၽတ္နီးပါး ေရနစ္ျမႇဳပ္ေနပါတယ္။ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕မွာလည္း ေနအိမ္မွာ ပိတ္မိေနသူေတြကိုဆက္လက္ ကယ္ထုတ္ေနရပါတယ္။ ျမန္မာႏိုင္ငံတဝွမ္းေရႀကီးေနတဲ့ ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္ေျပာျပပါမယ္။

မြန္၊ ကရင္နဲ႔ ရခိုင္ျပည္နယ္၊ တနသၤာရီ၊ ပဲခူးနဲ႔ ဧရာဝတီတိုင္းေဒသတို႔က ေနရာတခ်ိဳ႕မွာ ဇူလႈိင္ ၂၂ ရက္ေန႔ကစတင္ၿပီး ကေန႔အထိမိုးသည္း ေရးႀကီးၿပီး ေရနစ္ျမႇဳပ္လို႔ ျပည္သူေတြ ေထာင္နဲ႔ခ်ီ ေဘးလြတ္ရာကို အေရးေပၚေျပာင္းေ႐ႊ႕ထားရပါတယ္။

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္ အတၱရံ ျမစ္ေရျမင့္တက္ေနလို႔ ဦးေလး႐ြာ၊ ငါးေျပမ႐ြာ၊ မဲကသန္႐ြာ စတဲ့ ျမစ္ကမ္းတစ္လွ်ာက္မွာရွိတဲ့ ေက်း႐ြာေတြ ေရနစ္ျမႇဳပ္ကုန္တယ္လို႔ ေက်း႐ြာအုပ္ေရးမႉးေတြ ေျပာပါတယ္။

ဦးေလးေက်း႐ြာဟာ ႐ြာလုံးကြၽတ္နီးပါး ေရနစ္ျမႇဳပ္ေနတယ္လို႔ အုပ္ခ်ဳပ္ေရမႉး ဦးေအာင္သိန္းျမင့္က ေျပာပါတယ္။ ဇူလႈိင္ ၂၂ ရက္ေန႔ကတည္းက စတင္မိုးႀကီးခဲ့ၿပီး အတၱရံျမစ္ေရ ျမင့္တက္လာတာပါ။ ဇူလႈိင္ ၂၆ ရက္ေန႔က ေရစျမႇဳပ္ခဲ့ၿပီး ေရက မက်ေသးဘဲ ဆက္လက္ျမင့္လာေနဆဲျဖစ္လို႔ အခုအခ်ိန္ထိ အေျခအေနဆိုးသြားတယ္လို႔ေျပာပါတယ္။

လက္ရွိမွာ တခ်ိဳ႕အိမ္ေတြ အိမ္ေခါင္းမိုးထိျမႇဳပ္ေနၿပီး နီစပ္ရာ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း၊ ေဆြမ်ိဳးအိမ္ေတြမွာ ေျပာင္းေ႐ႊ႕ ေနထိုင္ေနရၿပီး သြားလာလို႔မရတာေၾကာင့္ စားေသာက္ေရး အခက္အခဲျဖစ္ေနတယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္သိန္းျမင့္က ဆိုပါတယ္။

“၅ ရက္၊ ၆ ရက္ရွိၿပီ။ တခ်ိဳ႕က ေအာက္ထပ္ေတြျမႇဳပ္တယ္၊ တခ်ိဳ႕က တစ္အိမ္လုံးျမႇဳပ္တယ္။ အနိမ့္ပိုင္းေတြ အကုန္လုံးျမႇဳပ္သြားတယ္ေပါ့။ တခ်ိဳ႕က ႏွစ္ထပ္ တက္တယ္၊ တခ်ိဳ႕က တစ္ထပ္အိမ္ေတြ အကုန္လုံးျမႇဳပ္တယ္။ ဒီဘက္ကို ေျပာင္းေ႐ႊ႕ေတာ့ ေျပာင္းေ႐ႊ႕ထားတယ္ေပါ့၊ ျမင့္တဲ့ဘက္ကို ေျပာင္းေ႐ႊ႕တယ္၊ အိမ္ေထာင္စုက အခု ၃၀၀ ေက်ာ္။ ၃၃၆ အိမ္ရွိတယ္။ ျမႇဳပ္ေနတာ အကုန္လုံးေပါ့။ လူဦးေရက အခု က်ေနာ္တို႔ ဒီမွာတြက္ေနတာေတာ့ ၁,၂၂၀ နဲ႔ ၂၀ရွိတယ္။ အကူအညီေတာ့ နည္းနည္းစားေသာက္ဖို႔ပဲေပါ့။

ဒီေလာက္ပဲေပါ့၊ ဝယ္ရျပဳရတာ သြားလာဖို႔ ခက္တယ္ေပါ့ေလ။”

မြန္ျပည္နယ္ ေပါင္၊ မုဒုံ၊ က်ိဳက္မေရာ၊ ေရး၊ ေခ်ာင္းဆုံၿမိဳ႕နယ္ေတြဟာ ၿမိဳ႕နယ္အလိုက္ တစ္ပတ္ေက်ာ္ၾကာ ေရႀကီးမႈဒဏ္ရင္ဆိုင္ေနရပါတယ္။ အလားတူကရင္ျပည္နယ္ ျမဝတီ၊ ဘားအံ၊ ေကာ့ကရိတ္၊ လႈိင္းဘြဲ႕၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေတြမွာလည္း ေရနစ္ျမႇဳပ္တာ ၇ ရက္ျပည့္ၿပီလို႔ပရဟိတအကူအညီေပးသူေတြက ေျပာပါတယ္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕မွာ ေရႀကီးလို႔ ဇူလႈိင္ ၂၅ ရက္ ညေနပိုင္းက ေရျမႇဳပ္တဲ့ အိမ္ေတြကို စၿပီးေျပာင္းေ႐ႊ႕ေပးခဲ့ၿပီး ေနာက္ရက္ေတြမွာလည္း ဇမိျမစ္ေရ ဆက္လက္ျမင့္တက္လာလို႔ ေရနစ္ျမႇဳပ္တဲ့ ရပ္ကြက္ေတြ ထပ္မံေျပာင္းေ႐ႊ႕ထားပါတယ္။ ဒီေန႔အထိ ေရေဘးသင့္တဲ့ အိမ္ေထာင္စု ၁၄၀၊ လူဦးေရ ၆၀၀ ေက်ာ္ေလာက္ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ထားရတယ္လို႔ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မီးသတ္တပ္ဦးစီးဌာနက ဒုတိယဦးစီးမႉး လွမင္းထြန္းက ေျပာပါတယ္။

ေရျမႇဳပ္လို႔ ေနအိမ္မွာ ပိတ္မိေနတဲ့ ျပည္သူေတြကို ထပ္မံ ေခၚထုတ္ေနတယ္လို႔ ပရဟိတအကူအညီသူ ကိုဟိန္းမိုးဦးက ေျပာပါတယ္။

“ေရကေတာ့ မက်ေသးဘူး၊ က်ေနာ္တို႔ လက္ရွိကေတာ့ ေရတိုင္းေနတာေပါ့။ လက္ရွိမွာက်ေနာ္တို႔ အိမ္ေျခ ၁၀၀ ေက်ာ္ေလာက္ေျပာင္းထားတယ္။ က်ေနာ္တို႔မွာက ဆိုင္ကလုံးစင္တာဆိုတာရွိတယ္ေလ။ အဲ့ဒီဆိုင္ကလုံးစင္တာကို က်ေနာ္တို႔ ေဘးလြတ္ရာေ႐ႊ႕ထားတယ္။ ၿပီးေတာ့ ေရထဲမွာလည္း တခ်ိဳ႕ မေျပာင္းေ႐ႊ႕တဲ့ အိမ္ေတြလည္း ရွိတယ္။ က်န္တဲ့ေတြလည္း ရွိတယ္။ ေနာက္ ေရထပ္တိုးၿပီး အထဲမွာ ပိတ္မိတာေတြလည္း က်ေနာ္တို႔ အခုလက္ရွိမွာ မီးသတ္နဲ႔ က်ေနာ္တို႔ ပရဟိတနဲ႔ Volunteer ေတြ ေပါင္းၿပီး ကယ္ဆယ္ေရးလုပ္ေနတာလည္းရွိတယ္။ မေန႔က တစ္ရက္၊ ဒီေန႔တစ္ရက္ကလည္း ပုံမွန္ေရအတိုင္းပဲ။ ခါတိုင္း ဟို တက္လာတဲ့ေရအတိုင္းပဲ ၿငိမ္ေနတယ္ေပါ့ေနာ္။ တက္လည္းမတက္ဘူး က်လည္း မက်ဘူး။”

ဒီရက္ပိုင္း မိုသည္း ေရႀကီးေနတဲ့ ရခိုင္ျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္းေဒသႀကီးတို႔မွာေနာက္တစ္ရက္ေလာက္ေနရင္ မိုး႐ြာတဲ့ႏႈန္း ေလ်ာ့က်လာၿပီး ေရျပန္က်လာမွာ ျဖစ္ေပမယ့္ ယခုကာလဟာ မိုးမ်ားတဲ့ကာလျဖစ္တာေၾကာင့္ ျမစ္ေခ်ာင္းေဘးမွာ ေနထိုင္တဲ့ ျပည္သူေတြ အထူးသတိျပဳဖို႔ လိုအပ္ေၾကာင္း မိုးေလဝသနဲ႔ ဇလေဗဒၫြန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက သတိေပးပါတယ္။

“ဒီေဒသမွာရွိတဲ့ ျမစ္ေတြ၊ ေခ်ာင္းငယ္ေလးေတြေပါ့ေနာ္၊ ဒီေဒသေလးေတြက စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ၿပီးေတာ့မွ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေနတဲ့ အေနအထားမွာရွိပါတယ္ခင္ဗ်။ ဒီမိုးေကာင္းတဲ့ ဥစၥာေတြက ေနာက္တစ္ရက္ေလာက္ဆိုရင္ေတာ့ ဒါမိုးျပန္ၿပီးေတာ့

မိုးအားနည္းနည္း ျပန္က်လာမယ့္အေနအထားမ်ိဳး ရွိတယ္ေပါ့ေနာ္။ ခန႔္မွန္ခ်က္အရဆိုရင္ေတာ့ က်ေနာ္တို႔ မိုးအားနည္းနည္း ျပန္က်လာမယ္ဆိုရင္ေတာ့ လက္ရွိႀကီးေနတဲ့ေရက ျပန္က်သြားမယ့္အေနအထားမ်ိဳးရွိပါတယ္။ ဒီကာလက က်ေနာ္တို႔ မိုးလယ္ကာလျဖစ္တယ္၊ ႏွစ္စဥ္ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေနက် ျဖစ္တဲ့ကာလျဖစ္တယ္ေပါ့ေနာ္။ ဇူလိုင္လ၊ ၾသဂုတ္လေတြမွာ အဲ့အတြက္ေၾကာင့္ ျမစ္ေခ်ာင္းေဘးနားမွာ ရွိတဲ့ ျပည္သူေတြအေနနဲ႔ ဒီလိုအရပ္ေဒသေတြမွာ မိုးႀကီးမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ၊ ဒီဟာမ်ိဳးေတြရွိလာၿပီးဆိုရင္ေတာ့ အထူးသတိျပဳဖို႔ လိုပါတယ္။ ျမစ္ေရ႐ုတ္တရက္ျမင့္တက္လာတာတို႔ ဒီဟာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။”

ယခုရက္ပိုင္း တိုင္းနဲ႔ ျပည္နယ္တခ်ိဳ႕မွာ မိုးသည္း ေရႀကီးလို႔ ေရေဘးသင့္ ျပည္သူေတြ ေထာင္နဲ႔ခ်ီ ေဘးလြတ္ရာေျပာင္းေ႐ႊ႕ေနထိုင္ရၿပီးေနထိုင္စားေသာက္ေရး အခက္အခဲနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဒါနဲ႔ပတ္သတ္ၿပီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဦးစီးဌာနက တာဝန္ရွိသူေတြကို ဗြီအိုေအက တယ္လီဖုန္း အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားျခင္း မရွိပါဘူး။

UNICODE

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းတွေအတွင်း တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီရှိတယ်လို့ ပရဟိတအကူအညီပေးတွေက ပြောပါတယ်။ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှာ ဒီကနေ့အထိ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်နေပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာလည်း နေအိမ်မှာ ပိတ်မိနေသူတွေကိုဆက်လက် ကယ်ထုတ်နေရပါတယ်။ မြန်မာနိုင်ငံတဝှမ်းရေကြီးနေတဲ့ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်ပြောပြပါမယ်။

မွန်၊ ကရင်နဲ့ ရခိုင်ပြည်နယ်၊ တနင်္သာရီ၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသတို့က နေရာတချို့မှာ ဇူလှိုင် ၂၂ ရက်နေ့ကစတင်ပြီး ကနေ့အထိမိုးသည်း ရေးကြီးပြီး ရေနစ်မြှုပ်လို့ ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာကို အရေးပေါ်ပြောင်းရွှေ့ထားရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတ္တရံ မြစ်ရေမြင့်တက်နေလို့ ဦးလေးရွာ၊ ငါးပြေမရွာ၊ မဲကသန်ရွာ စတဲ့ မြစ်ကမ်းတစ်လျှာက်မှာရှိတဲ့ ကျေးရွာတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ကျေးရွာအုပ်ရေးမှူးတွေ ပြောပါတယ်။ ဦးလေးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ရေနစ်မြှုပ်နေတယ်လို့ အုပ်ချုပ်ရေမှူး ဦးအောင်သိန်းမြင့်က ပြောပါတယ်။

ဇူလှိုင် ၂၂ ရက်နေ့ကတည်းက စတင်မိုးကြီးခဲ့ပြီး အတ္တရံမြစ်ရေ မြင့်တက်လာတာပါ။ ဇူလှိုင် ၂၆ ရက်နေ့က ရေစမြှုပ်ခဲ့ပြီး ရေက မကျသေးဘဲ ဆက်လက်မြင့်လာနေဆဲဖြစ်လို့ အခုအချိန်ထိ အခြေအနေဆိုးသွားတယ်လို့ပြောပါတယ်။

လက်ရှိမှာ တချို့အိမ်တွေ အိမ်ခေါင်းမိုးထိမြှုပ်နေပြီး နီစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်တွေမှာ ပြောင်းရွှေ့ နေထိုင်နေရပြီး သွားလာလို့မရတာကြောင့် စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမြင့်က ဆိုပါတယ်။

“၅ ရက်၊ ၆ ရက်ရှိပြီ။ တချို့က အောက်ထပ်တွေမြှုပ်တယ်၊ တချို့က တစ်အိမ်လုံးမြှုပ်တယ်။ အနိမ့်ပိုင်းတွေ အကုန်လုံးမြှုပ်သွားတယ်ပေါ့။ တချို့က နှစ်ထပ် တက်တယ်၊ တချို့က တစ်ထပ်အိမ်တွေ အကုန်လုံးမြှုပ်တယ်။ ဒီဘက်ကို ပြောင်းရွှေ့တော့ ပြောင်းရွှေ့ထားတယ်ပေါ့၊ မြင့်တဲ့ဘက်ကို ပြောင်းရွှေ့တယ်၊ အိမ်ထောင်စုက အခု ၃၀၀ ကျော်။ ၃၃၆ အိမ်ရှိတယ်။ မြှုပ်နေတာ အကုန်လုံးပေါ့။ လူဦးရေက အခု ကျနော်တို့ ဒီမှာတွက်နေတာတော့ ၁,၂၂၀ နဲ့ ၂၀ရှိတယ်။ အကူအညီတော့ နည်းနည်းစားသောက်ဖို့ပဲပေါ့။ ဒီလောက်ပဲပေါ့၊ ဝယ်ရပြုရတာ သွားလာဖို့ ခက်တယ်ပေါ့လေ။”

မွန်ပြည်နယ် ပေါင်၊ မုဒုံ၊ ကျိုက်မရော၊ ရေး၊ ချောင်းဆုံမြို့နယ်တွေဟာ မြို့နယ်အလိုက် တစ်ပတ်ကျော်ကြာ ရေကြီးမှုဒဏ်ရင်ဆိုင်နေရပါတယ်။ အလားတူး ကရင်ပြည်နယ် မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးမြို့တွေမှာလည်း ရေနစ်မြှုပ်တာ ၇ ရက်ပြည့်ပြီလို့ပရဟိတအကူအညီပေးသူတွေက ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့မှာ ရေကြီးလို့ ဇူလှိုင် ၂၅ ရက် ညနေပိုင်းက ရေမြှုပ်တဲ့ အိမ်တွေကို စပြီးပြောင်းရွှေ့ပေးခဲ့ပြီး နောက်ရက်တွေမှာလည်း ဇမိမြစ်ရေ ဆက်လက်မြင့်တက်လာလို့ ရေနစ်မြှုပ်တဲ့ ရပ်ကွက်တွေ ထပ်မံပြောင်းရွှေ့ထားပါတယ်။ ဒီနေ့အထိ ရေဘေးသင့်တဲ့ အိမ်ထောင်စု ၁၄၀၊ လူဦးရေ ၆၀၀ ကျော်လောက်ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် မီးသတ်တပ်ဦးစီးဌာနက ဒုတိယဦးစီးမှူး လှမင်းထွန်းက ပြောပါတယ်။ ရေမြှုပ်လို့ နေအိမ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထပ်မံ ခေါ်ထုတ်နေတယ်လို့ ပရဟိတအကူအညီသူ ကိုဟိန်းမိုးဦးက ပြောပါတယ်။

“ရေကတော့ မကျသေးဘူး၊ ကျနော်တို့ လက်ရှိကတော့ ရေတိုင်းနေတာပေါ့။ လက်ရှိမှာကျနော်တို့ အိမ်ခြေ ၁၀၀ ကျော်လောက်ပြောင်းထားတယ်။ ကျနော်တို့မှာက ဆိုင်ကလုံးစင်တာဆိုတာရှိတယ်လေ။ အဲ့ဒီဆိုင်ကလုံးစင်တာကို ကျနော်တို့ ဘေးလွတ်ရာရွှေ့ထားတယ်။ ပြီးတော့ ရေထဲမှာလည်း တချို့ မပြောင်းရွှေ့တဲ့ အိမ်တွေလည်း ရှိတယ်။ ကျန်တဲ့တွေလည်း ရှိတယ်။ နောက် ရေထပ်တိုးပြီး အထဲမှာ ပိတ်မိတာတွေလည်း ကျနော်တို့ အခုလက်ရှိမှာ မီးသတ်နဲ့ ကျနော်တို့ ပရဟိတနဲ့ Volunteer တွေ ပေါင်းပြီး ကယ်ဆယ်ရေးလုပ်နေတာလည်းရှိတယ်။ မနေ့က တစ်ရက်၊ ဒီနေ့တစ်ရက်ကလည်း ပုံမှန်ရေအတိုင်းပဲ။ ခါတိုင်း ဟို တက်လာတဲ့ရေအတိုင်းပဲ ငြိမ်နေတယ်ပေါ့နော်။ တက်လည်းမတက်ဘူး ကျလည်း မကျဘူး။”

ဒီရက်ပိုင်း မိုသည်း ရေကြီးနေတဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာနောက်တစ်ရက်လောက်နေရင် မိုးရွာတဲ့နှုန်း လျော့ကျလာပြီး ရေပြန်ကျလာမှာ ဖြစ်ပေမယ့် ယခုကာလဟာ မိုးများတဲ့ကာလဖြစ်တာကြောင့် မြစ်ချောင်းဘေးမှာ နေထိုင်တဲ့ ပြည်သူတွေ အထူးသတိပြုဖို့ လိုအပ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပါတယ်။

“ဒီဒေသမှာရှိတဲ့ မြစ်တွေ၊ ချောင်းငယ်လေးတွေပေါ့နော်၊ ဒီဒေသလေးတွေက စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီးတော့မှ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ အနေအထားမှာရှိပါတယ်ခင်ဗျ။ ဒီမိုးကောင်းတဲ့ ဥစ္စာတွေက နောက်တစ်ရက်လောက်ဆိုရင်တော့ ဒါမိုးပြန်ပြီးတော့

မိုးအားနည်းနည်း ပြန်ကျလာမယ့်အနေအထားမျိုး ရှိတယ်ပေါ့နော်။ ခန့်မှန်ချက်အရဆိုရင်တော့ ကျနော်တို့ မိုးအားနည်းနည်း ပြန်ကျလာမယ်ဆိုရင်တော့ လက်ရှိကြီးနေတဲ့ရေက ပြန်ကျသွားမယ့်အနေအထားမျိုးရှိပါတယ်။ ဒီကာလက ကျနော်တို့ မိုးလယ်ကာလဖြစ်တယ်၊ နှစ်စဉ် ကျနော်တို့ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေကျ ဖြစ်တဲ့ကာလဖြစ်တယ်ပေါ့နော်။ ဇူလိုင်လ၊ သြဂုတ်လတွေမှာ အဲ့အတွက်ကြောင့် မြစ်ချောင်းဘေးနားမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့ ဒီလိုအရပ်ဒေသတွေမှာ မိုးကြီးမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ၊ ဒီဟာမျိုးတွေရှိလာပြီးဆိုရင်တော့ အထူးသတိပြုဖို့ လိုပါတယ်။ မြစ်ရေရုတ်တရက်မြင့်တက်လာတာတို့ ဒီဟာမျိုးတွေ ဖြစ်နိုင်ပါတယ်။”

ယခုရက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးသည်း ရေကြီးလို့ ရေဘေးသင့် ပြည်သူတွေ ထောင်နဲ့ချီ ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ရပြီးနေထိုင်စားသောက်ရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက တာဝန်ရှိသူတွေကို ဗွီအိုအေက တယ်လီဖုန်း အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

Myanmar Flood AGN
please wait

No media source currently available

0:00 0:04:43 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG