သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာလုခါလီ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေရႀကီးေရလွ်ံႀကဳံေန


ဘာလုခါလီ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း ေျမၿပိဳက်မႈ ျဖစ္ပြားစဥ္(ဇူလိုင္ ၂၀၁၉)

ZAWGYI/UNICODE

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar ေဒသမွာ ေရႀကီးေနတာနဲ႔အမွ် ဘာလူခါလီ ဒုကၡသည္စခန္းမွာလည္း ဒီကေန႔ ေရေတြျပည့္ေနၿပီး ေနအိမ္ေတြထဲထိ ဝင္ေနတဲ့ေရေတြကို တတ္ႏိုင္သမွ် ရွင္းထုတ္ပစ္ေနၾကရပါတယ္။

ဇူလိုင္လ ၂၇ ရက္ အဂၤါေန႔ကေတာ့ မုတ္သုန္မိုး အျပင္းအထန္႐ြာတာေၾကာင့္ ဒုကၡသည္စခန္းေတြမွာ ေရႀကီးၿပီး ေျမၿပိဳတဲ့အတြက္ ကေလးငယ္ေတြအပါအဝင္ ႐ိုဟင္ဂ်ာဒုကၡသည္ ၆ ေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရခဲ့ပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ေတာင္ကတုံးေတြေပၚက ေတာင္ေစာင္းမွာ အမ်ားအားျဖင့္ ဝါးေတြ၊ ပလတ္စတစ္ အကာအရံေတြနဲ႔ ေဆာက္ထားတဲ့ တဲအိမ္ေတြမွာ ေနထိုင္ေနၾကရတဲ့အျပင္ ေရႀကီးတာေၾကာင့္ ေနထိုင္ေရးမွာ ပိုၿပီး ဒုကၡေရာက္ၾကရပါတယ္။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ စစ္တပ္က နယ္ေျမရွင္းလင္းေရးလုပ္တာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ Cox's Bazar ေဒသဘက္ကို ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာမြတ္ဆလင္အေရအတြက္ တသန္းနီးပါးရွိမယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ခန႔္မွန္းထားပ ါတယ္။

အဲဒီဒုကၡသည္ေတြဟာ ကမာၻ႔အႀကီးဆုံး ဒုကၡသည္စခန္းလို႔ ေခၚဆိုၾကတဲ့ Cox's Bazar ခ႐ိုင္က ဒုကၡသည္စခန္းေတြမွာ စုၿပဳံျပည့္က်ပ္ၿပီး ေနထိုင္ေနၾကရဆဲပါ။

စစ္ေကာင္စီကေတာ့ ႐ိုဟင္ဂ်ာလို႔ ေခၚဆိုတာကို အသိအမွတ္မျပဳဘဲ ႐ိုဟင္ဂ်ာဆိုတာ မရွိဘူးလို႔ေတာင္မွ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာထားဖူးပါတယ္။

UNICODE

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသမှာ ရေကြီးနေတာနဲ့အမျှ ဘာလူခါလီ ဒုက္ခသည်စခန်းမှာလည်း ဒီကနေ့ ရေတွေပြည့်နေပြီး နေအိမ်တွေထဲထိ ဝင်နေတဲ့ရေတွေကို တတ်နိုင်သမျှ ရှင်းထုတ်ပစ်နေကြရပါတယ်။

ဇူလိုင်လ ၂၇ ရက် အင်္ဂါနေ့ကတော့ မုတ်သုန်မိုး အပြင်းအထန်ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရေကြီးပြီး မြေပြိုတဲ့အတွက် ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ တောင်ကတုံးတွေပေါ်က တောင်စောင်းမှာ အများအားဖြင့် ဝါးတွေ၊ ပလတ်စတစ် အကာအရံတွေနဲ့ ဆောက်ထားတဲ့ တဲအိမ်တွေမှာ နေထိုင်နေကြရတဲ့အပြင် ရေကြီးတာကြောင့် နေထိုင်ရေးမှာ ပိုပြီး ဒုက္ခရောက်ကြရပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင်အရေအတွက် တသန်းနီးပါးရှိမယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားပ ါတယ်။

အဲဒီဒုက္ခသည်တွေဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ ခေါ်ဆိုကြတဲ့ Cox's Bazar ခရိုင်က ဒုက္ခသည်စခန်းတွေမှာ စုပြုံပြည့်ကျပ်ပြီး နေထိုင်နေကြရဆဲပါ။

စစ်ကောင်စီကတော့ ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို အသိအမှတ်မပြုဘဲ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့တောင်မှ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားဖူးပါတယ်။

Myanmar Rohingya
please wait

No media source currently available

0:00 0:01:08 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG