သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံမိုးကြောင့် Kashmirမှာ အများ အပြား သေကြေ ပျောက်ဆုံး


အိန္ဒိယ ရေကြီးမှု (စက်တင်ဘာ ၅၊ ၂၀၁၄)
အိန္ဒိယ ရေကြီးမှု (စက်တင်ဘာ ၅၊ ၂၀၁၄)

အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ ပါကစ္စတန်မှာမိုးအကြီးအကျယ် ရွာသွန်းတဲ့အတွက် လူအမြောက်အများသေဆုံးခဲ့ပါတယ်။ ဆယ်စုနှစ်တွေအတွင်း မိုးရွာသွန်းမှု အများပြားဆုံးနှစ်လည်းဖြစ်ပါတယ်။ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားမှာ မုတ်သုန်မိုးနဲ့ အတူ ရေကြီးရေ လျှံမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၆၅ ယောက်လောက် သေဆုံးခဲ့ရပြီးတဲ့နောက် လာမယ့်ရက် အနည်းငယ်တွင်း မှာလည်း အကြီးအကျယ် ရေကြီးမှုတွေ ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ အာဏာပိုင်တွေက ဒေသခံတွေကို သတိပေးထားပါတယ်။

အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်နေပြီး လူ ၁၀၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်ဖက်အရာရှိတွေကပြောပါတယ်။ ပါကစ္စတန်ဘက်က ကက်ရှ်မီးယားဒေသမှာလည်း လူပေါင်း ၆၀ လောက်သေဆုံးခဲ့ပါတယ်။ ပန်ဂျပ်ပြည်နယ်မှာ မုန်တိုင်းကြောင့် ဓါတ်ကြိုးတွေ ပြတ်၊ အဆောက်အဦးတွေပြိုကျခဲ့တာကြောင့် လူအမြောက်အများသေဆုံးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ခုလို မုတ်သုန်ရာသီဥတု ကာလတွေရောက်တိုင်း ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်လေ့ရှိပါတယ်။

XS
SM
MD
LG