သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florida Disney World မှာ မိကျောင်းကိုက်သတ်ခံရတဲ့ ကလေးအလောင်း ပြန်တွေ့

အင်္ဂါနေ့က မိကျောင်း အကိုက်ခံရတဲ့ အသက် ၂ နှစ် အရွယ် ယောကျာ်းငယ်လေးရဲ့ အလောင်းကို ပြန်တွေ့ပြီလို့ Disney World အပန်းဖြေဥယျာဉ်ရှိရာ ဖလော်ရီဒါပြည်နယ် Orange မြို့နယ် ရဲအဖွဲ့က ပြောပါတယ်။

မိကျောင်းက ရေထဲကို ကိုက်ဆွဲသွားခဲ့တဲ့ နေရာနားမှာပဲ ကလေးငယ် Lane Graves ရဲ့ အလောင်းကို တွေ့ရှိခဲ့တာလို့ ဗုဒ္ဓဟူးနေ့က ဖလော်ရီဒါက Buena Vista ကန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူး Jerry Demings က သတင်းထောက်တွေကို ပြောပါတယ်။ မိကျောင်းဟာ ကလေးငယ်ကို ရေထဲ နှစ်ပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ကလေးငယ်ဟာ အမေရိကန် အရှေ့အလယ်ပိုင်းမှာရှိတဲ့ Nebraska ပြည်နယ်ကနေ မိဘ မောင်နှမတွေနဲ့အတူ အားလပ်ရက် လာရောက်တာဖြစ်ပြီး၊ Disney World ဟိုတယ်မှာ တည်းကြတာပါ။ အဲဒီအင်္ဂါနေ့ညက သူဟာ လှေစီးဖို့ လုပ်ထားတဲ့ လူလုပ်ကန်ရဲ့ ကမ်းနားက ရေစပ်မှာ ဆော့နေခဲ့တာ ဖြစ်ပါတယ်။

Florida Disney World မှာ မိကျောင်းကိုက်သတ်ခံရတဲ့ ကလေးအလောင်း ပြန်တွေ့
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG