သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါအုပ်ချုပ်ရေးမှုး DeSantis ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည်


ဖလော်ရီဒါအုပ်ချုပ်ရေးမှုး Ron DeSantis
ဖလော်ရီဒါအုပ်ချုပ်ရေးမှုး Ron DeSantis

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလီကန်ပါတီတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပါတီထဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာပါတော့မယ်။ အသက် ၄၄ နှစ် အရွယ် ရှေးရိုးစွဲဝါဒီ Ron DeSantis ဟာ တွစ်တာ အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်နဲ့ အွန်လိုင်းစကားပြောဆိုမှုမပြုလုပ်မီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းတဲ့သူ့ ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့တာပါ။

အသက် ၇၆ နှစ် ရှိပြီ ဖြစ်တဲ့ ထရမ့်နဲ့ ယှဉ်ရင် အသက်အများကြီး ပိုငယ်တဲ့ DeSantis ဟာ ထရမ့်နဲ့ အတွေးအမြင်၊ မူဝါဒမှာ အတော်များများ ထပ်တူညီတဲ့အပြင် လက်ရှိမှာအမှုအခင်းရင်ဆိုင်နေရတာလည်း မရှိတဲ့အတွက် သူ့ကို ပိုပြီး ရွေးချယ်ဖို့ ကောင်းတယ်ဆိုပြီး ရီပတ်ဘလီကန်ပါတီတွင်းမှာ စိတ်ဝင်စားမှု တချို့ ရှိပါတယ်။

တဖက်မှာလည်းသူ့ရဲ့ လက်ယာစွန်းမူဝါဒတွေ၊ မဲဆွယ်စည်းရုံးရေးစွမ်းဆာင်နိုင်ရည်နဲ့ ရီပတ်ဘလီကန် ပါတီတွင်း အဆက်အသွယ်နဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်မှု အပေါ် မေးခွန်းထုတ်ကြတာတွေလည်းရှိပါတယ်။

DeSantis ဟာ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး နေရာကို ထရမ့်ရဲ့ ထောက်ခံပေးမှုနဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပြီးထရမ့်လိုပဲ သဘောထားတင်းမာပြင်းထန်ပြီး အများကြိုက်ဝါဒ ပြောဆိုလေ့ရှိသူပါ။ သူဟာ ရီပတ်ဘလစ်ကန်ပါတီတွင်းမှာ ထရမ့်အပြင် အရင် ကုလသမဂ္ဂ သံအမတ်ကြီး Nikkie Heley၊ တောင်ကယ်ရိုလိုင်းနာ အထက်လွှတ်တော်အမတ် Tim Scott ၊ အာကန်ဆော အုပ်ချုပ်ရေးမှူး Asa Hutchinson နဲ့ ဇီဝနည်းပညာ စွန့်ဦးတီထွင်သူ Vivek Ramaswamy တို့နဲ ယှဉ်ပြိင်ရမှာ ဖြစ်ပါတယ်။ ဒုသမ္မတဟောင်း Mike Pence ကလည်း သမ္မတလောင်းအဖြစ် ဝင်အ‌ရွေးခံဖို့ စဉ်းစားနေပေမယ့် တရားဝင် မကြေညာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG