သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ နှစ်၂၀အတွင်း ပထမဆုံးအကြိမ်ငှက်ဖျားရောဂါကူးစက်မှုဖြစ်ပွား


ဌက်ဖျားရောဂါပိုးသယ်‌ဆောင်တဲ့ခြင်အမျိုးအစား Anopheles
ဌက်ဖျားရောဂါပိုးသယ်‌ဆောင်တဲ့ခြင်အမျိုးအစား Anopheles

အမေရိကန်ပြည်ထောင်စုအရှေ့တောင်ပိုင်းက ဖလော်ရီဒါမှာ ပြည်နယ်တခုလုံးသက်ရောက်တဲ့ ငှက်ဖျားရောဂါဆိုင်ရာ အကြံပေးချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ Tampa မြို့တောင်ဘက် ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက် ငှက်ဖျားရောဂါ ဖြစ်သူ (၄) ဦး တွေ့ရှိရလို့ ပြည်နယ်တဝန်းမှာ ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျား ရောဂါ အတွက် အကြံပေးချက်ကို ဖလော်ရီဒါပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) ရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကျန်းမာရေးသတိပေးချက်မှာလည်း တက္ကဆက်ပြည်နယ်မှာနောက်ထပ်ငှက်ဖျား ရောဂါဖြစ်ပွားမှုတခုကို တွေ့ရှိခဲ့တယ်ဆိုပါတယ်။ ဒါဟာ အနှစ် ၂၀ အတွင်း အမေရိကန်နိုင်ငံမှာ ပြည်တွင်း ငှက်ဖျားရောဂါပျံ့နှံ့မှု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဖလော်ရီဒါ ပြည်နယ်က ကူးစက်ခံရသူ (၄) ဦးကတော့ Sarasota ခရိုင်မှာ နေထိုင်ကြသူတွေ ဖြစ်ပြီး သူတို့ဟာ ဆေးကုသမှု ခံယူပြီး ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ငှက်ဖျားရောဂါပိုးဟာ အနောဖိလိ ( Anopheles) ခြင်ကိုက်ခံရပြီးနောက်မှာ အဖျားတက်၊ ချမ်းတုန်၊ ချွေးထွက်၊ ပျို့အန်၊ ခေါင်းကိုက်တာတွေ ဖြစ်လာတတ်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ နှစ်စဥ် ငှက်ဖျားရောဂါဖြစ်ပွားသူ ၂,၀၀၀ ဝန်းကျင်လောက် စစ်ဆေးတွေ့ရှိရပြီး အများစုမှာ ငှက်ဖျားရောဂါ ဖြစ်လေ့ရှိတဲ့ နိုင်ငံတွေက ခရီးသွားတွေ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စပြီး အမေရိကန်မှာ ခြင်ကြောင့် ငှက်ဖျားရောဂါ ကူးစက်ခံရသူ ၁၁ ဦး ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ဖလော်ရီဒါပြည်နယ် Palm Beach ခရိုင်မှာ ရောဂါ ဖြစ်သူ ၈ ဦး တွေ့ရှိခဲ့တာက နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG