သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပြည်နယ် ပစ်ခတ်မှု ထိခိုက် သေဆုံးမှုရှိ


ရဲတပ်ဖွဲ့က အတားအဆီးများချထားသည့် ပစ်ခတ်မှုဖြစ်သည့်နေရာ တဝိုက်မြင်ကွင်း။
ရဲတပ်ဖွဲ့က အတားအဆီးများချထားသည့် ပစ်ခတ်မှုဖြစ်သည့်နေရာ တဝိုက်မြင်ကွင်း။

ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့လည်က ကုန်တိုက်ကြီးတခုမှာ လူအများအပြားကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။

ကနဦးထွက်လာတဲ့ သတင်းတွေအရ လူ ၁၁ ယောက် ပစ်ခတ်ခံရပြီး သေဆုံးသူ လေးယောက်ရှိတယ်လို့ မျက်မြင်တွေက ပြော ပါတယ်။

သေနတ်သမားလို့ သံသယရှိသူ သေဆုံးသွားပြီလို့ Jacksonville မြို့ ရဲအရာရှိရုံးက ပြောပေမယ့် နောက်ထပ် သေနတ်သမား တွေ ရှိသေးသလားဆိုတာနဲ့ လက်ရှိအချိန်ထိ ပစ်ခတ်မှုဖြစ်နိုင်ဆဲ ဖြစ်ရပ်တခုအဖြစ် ကိုင်တွယ် လုပ်ဆောင်နေဆဲလားဆိုတာကို တော့ မသိကြပါဘူး။

“အဲဒီနေရာကို မသွားပါနဲ့၊ အဲဒီနေရာဟာ ခုချိန်မှာ လုံခြုံမှုမရှိသေးပါဘူး၊ မသွားကြပါနဲ့” လို့ Jacksonville မြို့ ရဲအရာရှိရုံးက Twitter မှာရေးပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ပုန်းအောင်းနေဆဲရှိသူတွေအနေနဲ့ သူတို့ဘယ်မှာရှိနေတယ်ဆိုတာ ၉၁၁ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ပြီး ပြောပြကြဖို့လည်း တာဝန်ရှိသူတွေက Twitter ပေါ်ကနေ ပြောဆိုထားပါတယ်။

အခင်းဖြစ်တဲ့နေရာကို SWAT ရဲအထူးတပ်ဖွဲ့က ရှာဖွေရှင်းလင်းနေတာမို့ ပုန်းနေသူတွေအနေနဲ့ “အတင်း ပြေးထွက်မလာဖို့” လည်း သတိပေးထားပါတယ်။

ကုန်တိုက်ထဲက စားသောက်ဆိုင်နဲ့ ဘားတခုမှာ အွန်လိုင်း ဂိမ်းပြိုင်ပွဲတခု လုပ်နေတဲ့အချိန်အတွင်း ဒီပစ်ခတ်မှုဖြစ်တာပါ။

XS
SM
MD
LG