သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပစ်ခတ်မှု သေနက်သမားအပါအ၀င် သုံးဦးသေဆုံး


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Jacksonville မြို့မှာ တနင်္ဂနွေနေ့ လုပ်ခဲ့တဲ့ ဗီဒီယိုဂိမ်းပြိုင်ပွဲအတွင်း သေနတ်သမား တစ်ယောက်က ပစ်ခတ်ခဲ့လို့ ၂ ယောက်သေဆုံးပြီး ၉ ယောက်ဒဏ်ရာရသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနောက် သေနတ်သမားဟာလည်း သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ Jacksonville မြို့လယ်နားက မြစ်ဘေးမှာရှိတဲ့ Jacksonville Landing နေရာက စားသောက်ဆိုင်တခုအတွင်းမှာ ဖြစ်ခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အချိန်မှာ Pizza ဆိုင်အတွင်းမှာ လူအများအပြားရှိနေပြီး၊ အဲဒီမှာ Madden NFL 19 ဆိုတဲ့ အမေရိကန်ဘောလုံး ဂိမ်းပြိုင်ပွဲကို ကျင်းပနေတာဖြစ်တယ်လို့ Jacksonville မြို့ရဲ့ ရဲအရာရှိ Mike Williams က ပြောပါတယ်။

ဘာကြောင့်အခုလို တိုက်ခိုက်ရတယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးနေတုန်းပဲလို့ Williams က ပြောပါတယ်။ အာဏာပိုင်တွေကတော့ သေနတ်သမားဟာဟာ မေရီလန်းပြည်နယ် Baltimore မြို့က အသက် ၂၄ နှစ်အရွယ် David Katz ဆိုသူဖြစ်ပြီး၊ သူဟာ ပစ္စတိုသေနတ်တလက်တည်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ မှတ်ယူထာါးတယ်။ သေနတ်သမားဟာ Jacksonville မြို့ကို ဒီပြိုင်ပွဲအတွက် လာခဲ့တာဖြစ်ပြီး၊ သူ့အနေနဲ့ ဒီပစ်ခတ်မှုမှာ သေဆုံးသွားတဲ့သူတွေကို သိမသိဆိုတာတော့ သေသေချာချာ မသိရသေးဘူးလို့ Williams က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ၁၁ ယောက် ဒဏ်ရာရခဲ့ကြပြီး၊ အဲဒီထဲက ၉ ယောက်ကတော့ ကျည်ဆံထိမှန်ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ ပစ်ခတ်မှုကနေ လွတ်မြောက်အောင် ထွက်ပြေးရင် ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး သူတို့အားလုံး ဆေးရုံမှာ ကုသမှုယူနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG