သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါလေဆိပ် ပစ်ခတ်မှု အကြမ်းဖက်ဝါဒနဲ့ဆက်စပ်သလား


Fort Lauderdale လေဆိပ်မှာ ပစ်ခတ်မှုအပြီး လေဆိပ်အလုပ်သမားတွေ ရှင်းလင်းနေစဉ်
Fort Lauderdale လေဆိပ်မှာ ပစ်ခတ်မှုအပြီး လေဆိပ်အလုပ်သမားတွေ ရှင်းလင်းနေစဉ်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Fort Lauderdale မြို့ လေဆိပ်ပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှုရှိနိုင်ခြေရှိသလား ဆိုတာကို စုံစမ်း စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဘာကြောင့် အခုလို ပစ်ခတ်မှုဖြစ်တယ်ဆိုတာကို ပြောဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကို စုံစမ်း စစ်ဆေးနေစဲ ဖြစ်ကြောင်း၊ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကို အခုချိန်မှာ ပြောကြားဖို့ စောလွန်းသေးကြောင်း FBI - Miami ဌာနခွဲက အထူးစုံစမ်းစစ်ဆေးရေးမှူး George Piro က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

သေနတ်သမားအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိမရှိဆိုတာကိုလည်း ထည့်သွင်း စဉ်းစားနေကြောင်းနဲ့ သူ့ကို စနေနေ့ နှောင်းပိုင်းမှာ စွဲချက် တင်သွားမှာဖြစ်ကြောင်း Piro က ပြောပါတယ်။

Fort Lauderdale လေဆိပ်ကတော့ စနေနေ့မနက်မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ခရီးသွားလာသူများပြားတဲ့ Fort Lauderdale လေဆိပ် ပစ္စည်းရွေးတဲ့နေရာမှာ သောကြာနေ့ နေ့လည်ပိုင်းက အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနဲဆုံး လူ ၅ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။

ဖလော်ရီဒါလေဆိပ် ပစ်ခတ်မှု အကြမ်းဖက်ဝါဒနဲ့ဆက်စပ်သလား
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG