သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

JN.1 ကိုဗစ်ပိုးသစ် ကူးစက်မှုတိုးနိုင်လို့ CDC သတိပေး


Flu COVID Vaccination
Flu COVID Vaccination

အမေရိကန်ပြည်ထောင်စုမှာ အားဖြည့်ကိုဗစ်ကာကွယ်ဆေးသစ် မထိုးရသေးသူတွေများနေတာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း ကိုဗစ်ရောဂါ ကူးစက်သူ များလာနိုင်တယ်လို့ အမေရိကန် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန CDC က သတိပေးလိုက်ပါတယ်။

မိသားစုတွေ မိတ်ဆွေတွေ စုဝေးဆုံတွေ့ စားသောက်ကြလေ့ရှိတဲ့ အခုလို ခရစ္စမတ် အားလပ်ရက်ကာလမှာ ကိုဗစ်ကာကွယ်ဆေး မထိုးသေးတဲ့သူတွေ အများအပြား ရှိနေသေးတာအပြင် လွယ်လွယ်ကူကူ ကူးစက်ပျံ့နှံ့ နိုင်ပုံရတဲ့တဲ့ ကိုဗစ်ပိုးသစ်ကြောင့် ကိုဗစ်နဲ့ ရောဂါပြင်းထန်တဲ့ တုပ်ကွေးလို ရောဂါကူးသူတွေ တိုးလာနိုင်တယ်လို့ ကျန်းမာရေးအရာရှိတွေက သတိပေးပါတယ်။

ဒီနှစ် ခရစ္စမတ် အားလပ်ရက်မှာ မိသားစုတွေ ဆုံတွေ့နိုင်ဖို့ ခရီးသွားတဲ့သူဦးရေ ပိုများလာတဲ့အတွက် ရောဂါပိုး ကူးစက်တဲ့နှုန်းလည်း ပိုများလာနိုင်ခြေရှိတယ်လို့ CDC က ဒေါက်တာ Manisha Patel က ပြောပါတယ်။ Omicron အမျိုးအစားဖြစ်တဲ့ JN.1 ကိုဗစ်ပိုးသစ်ကို အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ ဒီဇင်ဘာ ၂၃ ရက် ဒီနေ့အထိ ကိုဗစ်ဖြစ်သူတွေထဲမှာ JN.1 ကိုဗစ်ပိုးကူးသူက ၃၉ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ရှိလိမ့်မယ် CDC ကခန့်မှန်းထားပါတယ်။ JN.1 အမျိုးအစားကိုဗစ်ပိုးသစ် ကူးစက်မှုကို CDC က အနီးကပ်စောင့်ကြည့်သုံးသပ်နေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲ အပြင်းစား တုပ်ကွေးရောဂါနဲ့ အလားသဏ္ဍာန်တူတဲ့ ဖျားနာမှု ပျံ့နှံ့ဖြစ်ပွားတဲ့ ပြည်နယ်ပေါင်း ၁၇ ပြည်နယ်ရှိတယ်လို့ CDC က သောကြာနေ့က ပြောပါတယ်။ ဒီ့မတိုင်ခင်တပတ်က ၁၄ ပြည်နယ်သာ ရှိခဲ့ရာက နောက်ထပ် ပြည်နယ် ၃ ခုတိုးလာတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်-19 ရောဂါ ကူးစက်သူ စုစုပေါင်း ၁၀၄ သန်းကျော် ရှိခဲ့တာမှာ စုစုပေါင်း သေဆုံးသူက ၁ သန်းကျော် ရှိခဲ့ပါတယ်။

အမေရိကန်မှာ အားဖြည့်ကိုဗစ်ကာကွယ်ဆေးသစ်ကို ထိုးထားပြီးသူက လူဦိးရေ ၁၈ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

XS
SM
MD
LG