သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN ရေကြောင်း လုံခြုံရေး အမေရိကန် တာဝန်ယူမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဝဲ) နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ ဟနွိုင်းမြို့တော် သတင်းစာရှင်းလင်းပွဲတွင်။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဝဲ) နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့ ဟနွိုင်းမြို့တော် သတင်းစာရှင်းလင်းပွဲတွင်။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၃)
ဗီယက်နမ်နဲ့ အရှေ့တောင်အာရှဒေသတွင်းက အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေအတွက် အမေရိကန်အစိုးရရဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အကူအညီတွေကို တိုးပြီးပေးတော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကကြေညာလိုက်ပါတယ်။

အမေရိကန်အစိုးရက ကမ်းရိုးတန်းစောင့် အမြန်သင်္ဘော ၅ စင်းအပါအဝင် ဒေါ်လာ ၁၈ သန်းဖိုး ဗီယက်နမ်နိုင်ငံကို ပေးအပ်မှာဖြစ်ကြောင်း တနင်္လာနေ့မှာ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh နဲ့ အတူ ဟနွိုင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးကယ်ရီက ပြောကြားလိုက်တာပါ။

တခြားအာဆီယံနိုင်ငံတွေအတွက် သူတို့ရဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ရေးမှာ အထောက်အကူပေးဖို့ ဒေါ်လာ ၁၄ သန်းခွဲလောက် အကူအညီတွေ ပေးသွားမယ်လို့လည်း ပြောပါတယ်။

အခုလိုအကူအညီပေးတာဟာ တရုတ်နဲ့ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် မကြာသေးခင်ကမှ တင်းမာမှုတွေဖြစ်ပွားခဲ့တာနဲ့ ဆက်နွယ်မှုရှိမရှိ ဖြေကြားဖို့် ဝန်ကြီးကယ်ရီက ငြင်းဆိုလိုက်ပေမယ့် ဒါဟာ အမေရိကန်အစိုးရက ပေးမယ်လို့ စီစဉ်ထားတဲ့ အကူအညီတွေအတွက် တဖြေးဖြေးချင်း တိုးချဲ့လုပ်ဆောင်တဲ့ လုပ်ငန်းအစိတ်အပိုင်းတခုလို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးဟာ အမေရိကန်အစိုးရရဲ့ ထိပ်တန်းဦးစားပေးကိစ္စရပ် ဖြစ်ကြောင်းလည်း မစ္စတာကယ်ရီက ပြောပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ ဒေသတွင်းနယ်မြေပိုင်ဆိုင်မှုမှာ လက်ဦးမှု ရယူနိုင်ဖို့ အင်အားသုံးပြီး အပြင်းအထန် ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
XS
SM
MD
LG