သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ISတွေဆီ နျူကလီးယား မရောက်ရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး


 နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲ ကန်သမ္မတ အိုဘားမား မိန့်ခွန်းပြော။ (မတ် ၃၁၊ ၂၀၁၆)
နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲ ကန်သမ္မတ အိုဘားမား မိန့်ခွန်းပြော။ (မတ် ၃၁၊ ၂၀၁၆)

အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ စတုတ္ထ အကြိမ်မြောက်နဲ့ နောက်ဆုံး အကြိမ် ကျင်းပတဲ့ နျူကလီယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲကို ကြာသပတေးနေ့က ဝါရှင်တန်မြို့တော်မှာ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ရေဒီယို သတ္တိကြွ ဗုံးတွေ ဖေါက်ခွဲနိုင်မယ့် အလားအလာ ရှိနေတာနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီယားလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေမှုတွေဟာ ကမ္ဘာကြီးအခုထိ ရင်ဆိုင်နေရဆဲ ဖြစ်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်တွေ ဖြစ်ကြောင်း ဖွင့်ပွဲမှာ သမ္မတက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက ဇန်နဝါရီလထဲမှာ နျူကလီယား စမ်းသပ်ခဲ့တာနဲ့ ဖေဖေါ်ဝါရီလထဲ တာဝေးပစ်ဒုံးလက်နက် စမ်းသပ်မှုတွေလုပ်ခဲ့တာမို့ ထိပ်သီးညီလာခံ မစတင်ခင်မှာ သမ္မတ အိုဘားမားက တောင်ကိုရီးယား သမ္မတ Park Geun-hye နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ကို အိမ်ဖြူတော်မှာ တွေ့ဆုံပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလုပ်ရပ်တွေအတွက် တားဆီးကာကွယ်ဖို့ ကြိုးစားရာမှာ အားလုံး ညီညွတ်မှု ရှိတယ်လို့ လည်း ဆွေးနွေးပွဲတွေ အပြီး သမ္မတ အိုဘားမားကပြောပါတယ်။

သမ္မတ အိုဘားမားရဲ့ တရုတ်သမ္မတ Xi Jinping နဲ့နောက်ပိုင်း တွေ့ဆုံဆွေးနွေး ချိန်မှာလည်း မြောက်ကိုရီးယား အရေးက အဓိထား ပါဝင်ခဲ့ပါတယ်။ ကိုရီးယား နျူကလီယား ပြဿနာနဲ့ တခြား ဒေသတွင်းနဲ့ ကမ္ဘာ့ပြဿနာတွေနဲ့ ပါတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်သွယ်ရေးတွေ တိုးမြှင့်ဖို့ ဆန္ဒရှိနေတယ်လို့ သမ္မတ Xi က ပြောပါတယ်။

မြောက်ကိုရီးယား နျူကလီယား လက်နက်ထုတ်လုပ်ဖို့ ကျိုးပမ်းမှုအတွက် ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှုကို အားကောင်းအောင် အဓိက လုပ်ဆောင်ပေးနိုင်သူဟာ မြောက်ကိုရီးယားရဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်လို့ အမေရိကန်က ရှုမြင်ပါတယ်။

အစည်းအဝေးမှာ ဘေးထွက်ဆွေးနွေးပွဲအဖြစ် ပြင်သစ် သမ္မတ Francois Hollande နဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့နဲ့လည်း သမ္မတ အိုဘားမားက သီးခြားစီ တွေ့ဆုံဖို့ ရှိပါတယ်။

XS
SM
MD
LG