သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ပြည်သူတွေ ရိက္ခာ မလောက်

ရေဘေးဒုက္ခသည်များ။
1/11 ရေဘေးဒုက္ခသည်များ။
ရေဘေးဒုက္ခသည်များ။
2/11 ရေဘေးဒုက္ခသည်များ။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
3/11 ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေ။
ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
4/11 ကူညီကယ်ဆယ်ရေးလိုအပ်ဆဲ။
အရေးပေါ်အခြေအနေကြေညာ
5/11 အရေးပေါ်အခြေအနေကြေညာ
အိမ်ပြိုကျတဲ့အထိ ရေကြီး။
6/11 အိမ်ပြိုကျတဲ့အထိ ရေကြီး။
အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
7/11 အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်
ရေဘေးဒုက္ခသည်များ။
8/11 ရေဘေးဒုက္ခသည်များ။
People row their canoes on a flooded street at a village in Kawlin township, Sagaing division
9/11 People row their canoes on a flooded street at a village in Kawlin township, Sagaing division
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
10/11 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရေကြီး။ သတင်းဓာတ်ပုံ MOI
သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
11/11 သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့နေရာချထား
Previous slide
Next slide

မြန်မာနိုင်ငံမှာ Komen ဆိုင်ကလုန်းဒဏ်သင့်ခဲ့တာ ၇ လကျော် ကြာတဲ့အချိန်အထိ မုန်တိုင်းသင့်သူတွေ စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတဲ့ အတွက်၊ နောင်မှာ အလားတူ အရေးပေါ် အခြေအနေမျိုးနဲ့ ကြုံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ နေရာတွေမှာ ဆန်စပါးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တဲ့ အတွက်လည်း စားနပ်ရိက္ခာအခက်အခဲ၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရတဲ့အကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ကြာသပတေးနေ့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

မုန်တိုင်းဒဏ်သင့် ဒေသတွေကို အရေးပေါ် အကူအညီအဖြစ် လာမယ့်မိုးရာသီအမှီ မျိုးစေ့တွေ၊ ရေနဲ့ ပိုးမထိုးနိုင်အောင် မျိုးစေ့တွေ သိမ်းဆည်းနိုင်မယ့် ပစ္စည်းတွေ လိုအပ်နေသလို၊ အသားစား တိရစ္ဆာန်မွေးမြူရေး အကူအညီနဲ့ ငါးဖမ်းပစ္စည်းတွေ၊ ငါးကန်တွေ ပြန်လည် ပြင်ဆင်မှုတွေအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးရ လိမ့်မယ်လို့လည်း အကြံပြုထားပါတယ်။

ရေရှည်စီမံကိန်းတွေအဖြစ် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အရေးပေါ် အခြေအနေတွေ နဲ့ ကြုံရတဲ့အခါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ဖို့၊ ကပ်ဘေး အန္တရာယ်ကနေ အမြန်ဆုံးပြန်လည်နာလန်ထူလာဖို့ ကြိုတင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရေကြီးမှုတွေနဲ့ မြေပြိုကျမှုတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံ တဝှမ်း ဒေသတွေက လူပေါင်း ၅ သိန်းလောက်ကို WFP က ကူညီနိုင်ခဲ့ပေမဲ့ ဒီနှစ်ကုန်အထိ အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၄၇ သန်း လိုအပ်နေကြောင်း ပြောဆိုခဲ့သလို၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အတွင်း လယ်သမား တသိန်းခွဲလောက်ကို အကူအညီပေးခဲ့တဲ့ FAO ကတော့ ရန်ပုံငွေဒေါ်လာ ၇.၁ သန်း လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG