သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိုင်ယန်မြူးနစ် ဥရောပချန်ပီယံဖြစ်


 ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ Bayern Munich ကစားသမားတွေ အောင်ပွဲခံနေစဉ် ( မေ ၂၅၊ ၂၀၁၃)
ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ Bayern Munich ကစားသမားတွေ အောင်ပွဲခံနေစဉ် ( မေ ၂၅၊ ၂၀၁၃)
ဥရောပချန်ပီယံလိဂ်ဖိုင်နယ်ကို လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ မှာ စနေနေ့က ကစားခဲ့ကြတာမှာ ဘိုင်ယန်မြူးနစ် အသင်း အနိုင်ရပြီးတော့ ဥရောပချန်ပီယံဖြစ်သွားပါတယ်။ မြန်မာစံတော် စနေညသန်းခေါင်ကျော်၊ တနင်္ဂနွေနေ့ မနက် ၁ နာရီ ၃၀ မှာ ကစားခဲ့ကြတာမှာ ဘိုင်ယန်မြူးနစ်က၊ ပြိုင်ဘက် ဘိုရုစီယားဒေါ့မန်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အနိုင်ရသွားတာပါ။

ပထမပိုင်းမှာ ၂ သင်းစလုံးက ဂိုးသမားတွေလက်စွမ်းပြသွားတာကြောင့် ၂သင်းစလုံး ဂိုးမရခဲ့ကြပါဘူး။ ဘိုင်ယန်အသင်းအတွက် မန်ဇူကစ်က မိနစ် ၆၀ မှာ ပထမဂိုး သွင်းပေးခဲ့ပြီး၊ ဒေါ့မန်အသင်းက ဂွန်ဒိုဂန်က ၆၇ မိနစ်မှာ ပယ်နယ်တီကနေ ပြန်ပြီးတော့ ချေပဂိုးသွင်းခဲ့ပါတယ်။ ၁ ဂိုးစီ သရေဖြစ်နေပြီး ၈၉ မိနစ်မှာတော့ ဘိုင်ယန်အတွက် အနိုင်ဂိုးကို ရော်ဘင်က ဒေါ့မန်နောက်တန်းကို ဖြတ်ဆွဲပြီး ဂိုးသမား နဲ့ တစ်ယောက်ချင်းအတွေ့မှာ သွင်းခဲ့တာပါ။

ဒါဟာ ဘိုင်ယန်မြူးနစ်အတွက်တော့ ဥရောပချန်ပီယံလိဂ်ဖလားကို ၅ ကြိမ်မြောက်ရသွားခဲ့တာဖြစ်သလို၊ နည်းပြ Jupp Heynckes အတွက် ချန်ပီယံလိဂ်ကို ဒုတိယအကြိမ်ရတာပါ။ ဘိုင်ယန်မြူးနစ်အနိုင်ရသွားတာကြောင့် အတော်များများခန့်မှန်းသလိုဖြစ်လာခဲ့သလို၊ ဂျာမနီက ဆင်ကလေး နယ်လီရဲ့ ခန့်မှန်းချက်လည်း မှန်သွားတယ်လို့ဆိုရမှာပါ။ ဒီပွဲကို ဂျာမနီဝန်ကြီး အန်ဂလာ မာကဲလ်တက်ရောက်အားပေးခဲ့သလို၊ ဟောလီးဝုဒ်ရုပ်ရှင်မင်းသား Will Smith လည်း ကြည့်ရှုခဲ့ပါတယ်။ ဥရောပချန်ပီယံလိဂ်ကို ရီးယဲလ်မက်ဒရစ် ၁၀ ကြိမ်၊ အေစီမီလန်က ၇ ကြိမ်ရထားပြီး၊ လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့က ၅ ကြိမ်စီ နဲ့ တတိယအများဆုံး ရထားပါတယ်။
XS
SM
MD
LG