သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအခြေအနေကြောင့် အစုရှယ်ယာဈေးကျ


နယူးယောက်ခ် စတော့ရှယ်ယာဈေးကွက်က ကုန်သည်များ ယူကရိန်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရှယ်ယာကျဆင်းနေချိန် မြင်ကွင်း။ (မတ်လ ၃၊ ၂၀၁၄)
နယူးယောက်ခ် စတော့ရှယ်ယာဈေးကွက်က ကုန်သည်များ ယူကရိန်းနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရှယ်ယာကျဆင်းနေချိန် မြင်ကွင်း။ (မတ်လ ၃၊ ၂၀၁၄)
ရုရှားနိုင်ငံက နှစ်နိုင်ငံနယ်ခြား ယူကရိန်းနိုင်ငံဖက်က ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်ရောက် သိမ်းပိုက်ခဲ့လိုက်ပြီးတဲ့နောက် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကြား စိုးရိမ်စိတ်တွေ ဖြစ်ပွားလာပြီး တနင်္လာနေ့ အစုရှယ်ယာဈေးကွက် ကျဆင်းသွားခဲ့ပါတယ်။

အာရှ၊ ဥရောပနဲ့ အမေရိကန် အစုရှယ်ယာဈးကွက်တွေအားလုံး ၁ % နဲ့ အထက် ဈေးကွက်မှာ ကျဆင်းသွားခဲ့ပါတယ်။

စီးပွားရေးဈေးကွက် ဦးဆုံးကျဆင်းသွားတာကတော့ ရုရှားနိုင်ငံပါ။ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ သောင်း ရှိတဲ့ ရုရှား ကုမ္ပဏီတွေပိုင်ဆိုင်တဲ့ အစုရှယ်ယာ ဈေးကွက်ဟာ ၁၁ % ကျော် ကျဆင်း သွားပါတယ်။ ရုရှားနိုင်ငံသုံး ရူဘယ်လ် ငွေကြေးဟာဆိုရင်လည်း အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ တကြိမ်တခါမှမဖြစ်ဖူးတဲ့ အကျဆုံး ဈေးနှုန်းကို ရောက်ရှိသွားခဲ့ပါတယ်။

နိုင်ငံတကာနိုင်ငံရေးအခြေအနေတွေက စီးပွားရေး အစုရှယ်ယာ ရောင်းဝယ်တဲ့ ဈေးကွက်မှာ အထူးသဖြင့် သက်ရောက်မှုတွေရှိနေတာပါ။

ရုရှားသမ္မတပူတင်အနေနဲ့ ရုရှားတပ်တွေ ခရိုင်းမီးယား ဘယ်အချိန်ဘယ်ကာလအထိ တပ်စွဲထားမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ရုရှားသမ္မတရဲ့ ပြောဆိုချက်အပေါ် စောင့်ကြည့်နေကြဆဲ ရှိနေပါတယ်။
XS
SM
MD
LG