==== Unicode =====
မြန်မာနိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားသစ် စုဆောင်းမှုတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ သိသိသာသာ ပိုဆိုးလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောဆိုကြပါတယ်။ ပဋိပက္ခဒေက အရပ်သားပြည်သူတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အဓမ္မတပ်သားသစ် စုဆောင်းခံရမှုနဲ့ ဆပ်ကြေးတောင်းခံရတဲ့ အခြေအနေတွေအကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။ ဒီအစီအစဉ်ကို ဖရန့်တီးရားမြန်မာ (Frontier Myanmar) နဲ့ ဖွန်ဒေးရှင်းဟီရွှန်ဒဲလ် (Fondation Hirondelle) တို့က တင်ဆက်ထားတာ ဖြစ်ပါတယ်။