သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖို့ဒ် မော်တော်ကားကုမ္ပဏီ ထိုင်းဒဏ်ရိုက်


The Ford logo is seen on the front of a car in Cuautitlan Izcalli, Mexico, Jan. 4, 2017.
The Ford logo is seen on the front of a car in Cuautitlan Izcalli, Mexico, Jan. 4, 2017.

ထိုင်းနိုင်ငံမှာ ဖို့ဒ်မော်တော်ကား ကုမ္ပဏီအနေနဲ့ အပြစ်အနာဆာ မကင်းတဲ့ ကားစက်ပစ္စည်းတွေ ရောင်းချခဲ့မှု အတွက် ကားဝယ်စီးသူပေါင်း၂၉၁ ဦးကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၂၀,၀၀၀ တန်ဖိုး လျော်ကြေးပေးဖို့ ထိုင်းနိုင်ငံ တရားရုံးက သောကြာနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

ပစ္စည်း အမှားအယွင်းအတွက် ဝယ်ယူ သုံးစွဲသူတွေကို ကုမ္ပဏီတွေဘက်က လျော်ကြေးပေးတဲ့ အလေ့အထ အတော်လေး ရှားပါးတဲ့ ထိုင်းနိုင်ငံမှာ အခုလို ထိုင်း တောင်ပိုင်း တရားမ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အောင်ပွဲအဖြစ် ကြိုဆိုခဲ့ကြပါတယ်။

အခုလို တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် တရားလိုတွေဖြစ်တဲ့ ဝယ်ယူသုံးစွဲသူအများစုဟာ သူတို့ရဲ့ ဖို့ဒ် ကား တွေ ပြန်ပြီးပြင်ရာမှာ ကြာမယ့်အချိန်နဲ့ ပြင်ရမယ့် အကြိမ်အရေအတွက်ပေါ်မူတည်ပြီး လျော်ကြေး ဒေါ်လာ ၈၀၀ ကနေ ၈,၀၀၀ အထိ ရကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ကျန်တဲ့ တရားလို ၁၂ ဦးကို လျော်ကြေးပြန်ပေးဖို့ မလိုဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကားတွေ ပြန်ပြီး မပြင်ခင်မှာ ကား တွေဟာ ပြုပြင်မွမ်းမံထားပြီးသာ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

တရားရုံးတင်ပြလျှောက်လဲချက်တွေထဲမှာ ဖို့ဒ်ကားတွေကြောင့် တစုံတရာ ထိခိုက်ဒဏ်ရာရခဲ့တာမျိုး ရှိခဲ့တယ် လို့တော့ ဖေါ်ပြထားခြင်း မရှိပါဘူး။

ဖို့ဒ်ကားကုမ္ပဏီဘက်ကတော့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက် ကို လေးစား လိုက်နာမှာဖြစ်ကြောင်း ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။ Powershift ကားဂီယာအပြောင်းအလဲမှာ ဖြစ်တဲ့ ပြဿနာကြောင့် ဝယ်စီးသူတွေ ဘက်က အဆင်မပြေဖြစ်ခဲ့ရတဲ့အတွက် ကုမ္ပဏီအနေနဲ့ တောင်းပန်ကြောင်းနဲ့ ဖို့ဒ်ကားဝယ်ယူသူတွေကို ဝန်ဆောင်မှု ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြင်ဆင်ဖြေရှင်းပေးဖို့ အပြည့်အဝတာဝန်ယူကြောင်း ထိုင်းဘာသာနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဖို့ဒ် မော်တော်ကားကုမ္ပဏီ ထိုင်းဒဏ်ရိုက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG