သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံခြားဘဏ်လုပ်ပိုင်ခွင့်


အောက်တိုဘာ ၆၊ ၂၀၁၄။ မြန်မာနိုင်ငံထဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဘဏ် ၉ ခုကို နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဏာပိုင်တွေက လုပ်ကိုင်ခွင့်ပေးလိုက်ပါပြီ။ ဦးသိန်းစိန်အစိုးရအနေနဲ့ ဗဟိုဘဏ်ကို သီးခြားလွတ်လပ်မှု ပေးတာအပါအဝင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်လာခဲ့ပြီးနောက်၊ နောက်တဆင့် တိုးတက်လာတဲ့ ခြေလှမ်းတရပ်လို့ ပြောရမှာပါ။ ဒီခြေလှမ်းပေါ်ကနေ ဖြစ်လာနိုင်တဲ့ အကျိုးအမြတ် ထိခိုက်နိုင်ချေ စသဖြင့် ဗဟိုဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်မင်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
အခု သီတင်းပတ်ရဲ့ စီးပွားရေးအစီအစဉ်အဖြစ် ကိုသားညွန့့်ဦးက တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG