သုံးရလွယ်ကူစေသည့် Link များ

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ရဟတ်ယာဉ်တစင်းပျက်ကျတာကြောင့် လူခုနစ်ဦးထက် မနည်း သေဆုံးသွားပါတယ်။ သေဆုံး သွားသူတွေထဲမှာ ပါကစ္စတန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နဲ့ နော်ဝေး သံအမတ်ကြီးတွေ၊ မလေးရှားနဲ့ အင်ဒိုနီးရှားသံအမတ်ကြီးတွေရဲ့ ဇနီး တို့ ပါဝင်ပါတယ်။

ရဟတ်ယာဉ်ဟာ သောကြာနေ့ Naltar လွင်ပြင်မှာ ပျက်ကျသွားတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ရဟတ်ယာဉ်မှူးနှစ်ဦးနဲ့ ယာဉ်အဖွဲ့ဝင် တဦးလဲ သေဆုံးပါတယ်။

အသက်မသေ လွတ်မြောက်သူတွေထဲမှာ ပိုလန်နဲ့ နယ်သာလန် သံအမတ်ကြီးတွေ ပါဝင်ပြီး မတူညီတဲ့ အဆင့်အမျိုးမျိုးနဲ့ ဒဏ်ရာ ရထားကြတယ်လို့ ကြည်းတပ်ပြောခွင့်ရ ဗိုလ်ချုပ် Asim Bajwal က တွစ်တာမှာပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျအောင် သူတို့လုပ်လိုက်တာလို့ ပါကစ္စတန် တာလီဘန်တွေကဆိုပြီး ၀န်ကြီးချုပ် Nawaz Sharif ကို ပစ်မှတ် ထားတာလို့ပြောပါတယ်။

ဒါပေမဲ့လဲ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းတာသက်သက်ကြောင့် ပျက်ကျတာ သာဖြစ်ပြီး ဘယ်လိုအကြမ်းဖက်လုပ်ရပ်မျိုးကြောင့် မှမဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီး Khawaj Asif ကိုကိုးကားပြီး နိုင်ငံပိုင် ရုပ်သံ သတင်းဌာနက ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျချိန်တုန်းက ၀န်ကြီးချုပ်ဟာ လေယာဉ်နဲ့ Gilgit မြို့ကို သွားနေပြီး သတင်းကြားပြီးတဲ့နောက် အစ္စလာမ်မာ ဘတ်မြို့တော်ကို ပြန်လာတယ်လို့ ၀န်ကြီးချုပ်ရုံးကပြောပါတယ်။

XS
SM
MD
LG