သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္ Next ကုမၸဏီ ျမန္မာမွာ အထည္ဆက္မခ်ဳပ္ေတာ့


ရန္ကုန္ၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံလုပ္ငန္းခြင္တခု။ (ႏုိဝင္ဘာ ၁၊ ၂၀၁၈)

{{Zawgyi/Unicode}}

ျမန္မာႏုိ္င္ငံမွာ စစ္အာဏာသိမ္းထားတာေၾကာင့္ ႏုိင္ငံတကာက ဒဏ္ခတ္အေရးယူမႈေတြတိုးလာေနခ်ိန္မွာပဲ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းက အ၀တ္အစားေအာ္ဒါမွာယူမႈေတြဆုိင္းငံ႔လိုက္တဲ့ ဥေရာပႏုိင္ငံေတြထဲမွာ ၿဗိတိန္ႏုိင္ငံ Next တံဆိပ္လည္းပါ၀င္လာပါတယ္။

ျမန္မာႏုိင္ငံကို အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ကမၻာတ၀န္းသိရွိသူမ်ားသလို အလုပ္အကိုင္အဓိကဖန္တီးေပးထားတဲ့ က႑လည္းျဖစ္ပါတယ္။ Next တံဆိပ္ အ၀တ္အစားအမ်ားစုကို ျမန္မာႏုိင္ငံမွာခ်ဳပ္လုပ္ခဲ့ေပမယ့္ ခုေတာ့တျခားတုိင္းျပည္ေတြမွာ ေျပာင္းလုပ္ဖို႔ျပင္ဆင္ထားပါၿပီလို႔ Next ကုမၸဏီ အမွဴေဆာင္အရာရွိခ်ဳပ္ Simon Wolfson ကေျပာပါတယ္။

ဖက္ရွင္ဒီဇုိင္းေတြနဲ႔ အ၀တ္အထည္မ်ိဳးစုံကို လက္လီေရာင္းခ်ေနတဲ့ ဆြီဒင္ႏုိင္ငံက ကမၻာ့ဒုတိယ အႀကီးဆုံး H&M ကုမၸဏီနဲ႔ အီတလီႏိုိင္ငံက Benetton Group တို႔လည္း ျမန္မာဆီက အထည္ေအာ္ဒါေတြ ဆုိင္းငံ႔လိုက္ၿပီးေနာက္မွာပဲ ျဗိတိန္ Primark ဖက္ရွင္နဲ႔အ၀တ္အထည္လုပ္ငန္းကလည္း အထည္မွာယူမႈေတြ ဗုဒၶဟူးေန႔ကပဲရပ္ဆုိင္းခဲ့ပါတယ္။

ၿဗိတိန္ Marks & Spencer ကလည္း သူ႔ကုန္တုိက္မွာေရာင္းတဲ့ အ၀တ္အစား ၃% ကိုျမန္မာႏုိင္ငံကမွာယူေနတာျဖစ္ၿပီ းမွာယူထားၿပီးသားကုန္ေတြကို ဆက္ၿပီးလက္ခံမယ္ဆိုေပမယ့္ ပစၥည္းေတြထပ္မွာမလားဆိုတာ စဥ္းစားသုံးသပ္ေနတယ္လို႔ေျပာပါတယ္။

အီတလီကုမၸဏီ OVS လက္လီအထည္ဆုိင္ကလည္း ျမန္မာႏုိင္ငံမွာ အကန္႔အသတ္နဲ႔ဆုိင္ေတြဖြင့္မွာျဖစ္သလို ကုန္မွာယူမႈေတြေတာ့ ရပ္ဆုိင္းေတာ့မယ္လို႔ တနလၤာေန႔က ေျပာပါတယ္။

ဒီအခ်ိန္မွာပဲ ျမန္မာေငြစကၠဴေတြပုံႏွိပ္ဖို႔ ကုန္ပစၥည္းေတြေပးပို႔ေနတဲ့ ဂ်ာမန္ကုမၸဏီက ကုန္ပစၥည္း ေပးပို႔တာအားလံုးကုိရပ္ဆိုင္းလိုက္ပါတယ္။ ျမန္မာစစ္တပ္နဲ႔ အရပ္သားလူထုအၾကား ႐ုန္းရင္းဆန္ခတ္ အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ေနတာေၾကာင့္ ခုလိုလုပ္ေဆာင္တာျဖစ္တယ္လို ဂ်ာမနီႏုိင္ငံ၊ ျမဴးနစ္ၿမိဳ႕အေျခစိုက္ကုမၸဏီက ဗုဒၶဟူးေန႔ကေၾကျငာခဲ့တာပါ။

ဒီကုမၸဏီဟာ ျမန္မာေငြစကၠဴေတြ ထုတ္လုပ္တာမွာ အသံုးျပဳတဲ့ ကုန္ၾကမ္းပစၥည္းေတြ၊ တျခားကုန္ပစၥည္းေတြနဲ႔ စက္အစိတ္အပိုင္းေတြ ေပးပို႔တာကိုၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္းကပဲ ကန္႔သတ္ထားခဲ့ၿပီးျဖစ္ပါတယ္။

...............................................

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာကြောင့် နိုင်ငံတကာက ဒဏ်ခတ်အရေးယူမှုတွေတိုးလာနေချိန်မှာပဲ မြန်မာ့အထည်ချုပ်လုပ်ငန်းက အဝတ်အစားအော်ဒါမှာယူမှုတွေဆိုင်းငံ့လိုက်တဲ့ ဥရောပနိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံ Next တံဆိပ်လည်းပါဝင်လာပါတယ်။

မြန်မာနိုင်ငံကို အထည်ချုပ်လုပ်ငန်းနဲ့ ကမ္ဘာတဝန်းသိရှိသူများသလို အလုပ်အကိုင်အဓိကဖန်တီးပေးထားတဲ့ ကဏ္ဍလည်းဖြစ်ပါတယ်။ Next တံဆိပ် အဝတ်အစားအများစုကို မြန်မာနိုင်ငံမှာချုပ်လုပ်ခဲ့ပေမယ့် ခုတော့တခြားတိုင်းပြည်တွေမှာ ပြောင်းလုပ်ဖို့ပြင်ဆင်ထားပါပြီလို့ Next ကုမ္ပဏီ အမှူဆောင်အရာရှိချုပ် Simon Wolfson ကပြောပါတယ်။

ဖက်ရှင်ဒီဇိုင်းတွေနဲ့ အဝတ်အထည်မျိုးစုံကို လက်လီရောင်းချနေတဲ့ ဆွီဒင်နိုင်ငံက ကမ္ဘာ့ဒုတိယ အကြီးဆုံး H&M ကုမ္ပဏီနဲ့ အီတလီနိုင်ငံက Benetton Group တို့လည်း မြန်မာဆီက အထည်အော်ဒါတွေ ဆိုင်းငံ့လိုက်ပြီးနောက်မှာပဲ ဗြိတိန် Primark ဖက်ရှင်နဲ့အဝတ်အထည်လုပ်ငန်းကလည်း အထည်မှာယူမှုတွေ ဗုဒ္ဓဟူးနေ့ကပဲရပ်ဆိုင်းခဲ့ပါတယ်။

ဗြိတိန် Marks & Spencer ကလည်း သူ့ကုန်တိုက်မှာရောင်းတဲ့ အဝတ်အစား ၃% ကိုမြန်မာနိုင်ငံကမှာယူနေတာဖြစ်ပြီ းမှာယူထားပြီးသားကုန်တွေကို ဆက်ပြီးလက်ခံမယ်ဆိုပေမယ့် ပစ္စည်းတွေထပ်မှာမလားဆိုတာ စဉ်းစားသုံးသပ်နေတယ်လို့ပြောပါတယ်။

အီတလီကုမ္ပဏီ OVS လက်လီအထည်ဆိုင်ကလည်း မြန်မာနိုင်ငံမှာ အကန့်အသတ်နဲ့ဆိုင်တွေဖွင့်မှာဖြစ်သလို ကုန်မှာယူမှုတွေတော့ ရပ်ဆိုင်းတော့မယ်လို့ တနင်္လာနေ့က ပြောပါတယ်။

ဒီအချိန်မှာပဲ မြန်မာငွေစက္ကူတွေပုံနှိပ်ဖို့ ကုန်ပစ္စည်းတွေပေးပို့နေတဲ့ ဂျာမန်ကုမ္ပဏီက ကုန်ပစ္စည်း ပေးပို့တာအားလုံးကိုရပ်ဆိုင်းလိုက်ပါတယ်။ မြန်မာစစ်တပ်နဲ့ အရပ်သားလူထုအကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ခုလိုလုပ်ဆောင်တာဖြစ်တယ်လို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အခြေစိုက်ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ကကြေငြာခဲ့တာပါ။

ဒီကုမ္ပဏီဟာ မြန်မာငွေစက္ကူတွေ ထုတ်လုပ်တာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ တခြားကုန်ပစ္စည်းတွေနဲ့ စက်အစိတ်အပိုင်းတွေ ပေးပို့တာကိုပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းကပဲ ကန့်သတ်ထားခဲ့ပြီးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG