သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် လက်ဘနွန်က နိုင်ငံခြားသားတွေ ထွက်ခွာဖို့ သတိပေး


ဟဇ်ဘိုလာနဲ့ ဟားမတ်စ် ထောက်ခံသူများ အစ္စရေး တိုက်ခိုက်သတ်ဖြတ်မှုကို ရှုတ်ချဆန္ဒပြ
ဟဇ်ဘိုလာနဲ့ ဟားမတ်စ် ထောက်ခံသူများ အစ္စရေး တိုက်ခိုက်သတ်ဖြတ်မှုကို ရှုတ်ချဆန္ဒပြ

လက်ဘနွန်နိုင်ငံမှာ စစ်ဖြစ်ဖို့အခြေအနေတွေ ပိုတိုးလာနေတာကြောင့်၊ ပြည်ပနိုင်ငံသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံကနေ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ ပြင်သစ်၊ ကနေဒါနဲ့ ဂျော်ဒန်နိုင်ငံတွေက အရေးပေါ် တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဟဇ်ဘိုလာနဲ့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် ၂ ဦး အသတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး အီရန်နဲ့ သူတို့ကျောထောက် နောက်ခံပေးထားတဲ့ မဟာမိတ်တွေက အစ္စရေးကို ပြစ်တင်ပြီး ဒီအပေါ်မှာ လက်တုံ့ပြန်ဖို့ ပြင်ဆင်နေချိန်မှာပဲ လက်ဘနွန်နိုင်ငံရဲ့ အခြေအနေဟာ အလွန်ကို မတည်မငြိမ် ဖြစ်နေတယ်လို့ ပြင်သစ်နိုင်ငံက သတိပေးထားပါတယ်။

လုံခြုံရေးအရ အလွန်မတည်မငြိမ် ဖြစ်နေတာကြောင့် ပြင်သစ်နိုင်ငံသားတွေအနေနဲ့ လက်ဘနွန်နိုင်ငံကို ခရီးမသွားဖို့နဲ့ လက်ဘနွန်နိုင်ငံထဲမှာ ရှိနေပြီးသားသူတွေအနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာဖို့ အရေးပေါ် တိုက်တွန်းလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ အလားတူ ခရီးသွား သတိပေးချက်မျိုးကို အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေကလည်း ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေက လေကြောင်းလိုင်းတွေ အတော်များများလည်း အရှေ့အလယ်ပိုင်းဒေသကို ပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားပြီး၊ ကာတာလေကြောင်းလိုင်းကလည်း လက်ဘနွန်နိုင်ငံက လုံခြုံရေးအခြေအနေကြောင့် ကာတာကနေ ဒိုဟာကို ပြေးဆွဲနေတဲ့ လေယာဉ်ခရီးစဉ်ကို အနည်းဆုံး တနင်္လာနေ့အထိတော့ နေ့ပိုင်းမှာပဲ ပြေးဆွဲမှာ ဖြစ်တယ်လို့ ဒီနေ့ကြေငြာပါတယ်။

Forum

XS
SM
MD
LG