သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အဂတိမှုနဲ့ တရားစွဲခံရ


ဦးညီပု ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် (နိုဝင်ဘာ ၃-၂၀၁၆)
ဦးညီပု ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် (နိုဝင်ဘာ ၃-၂၀၁၆)

ZAWGYI/UNICODE

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေထဲမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရသူအရေအတွက်ဟာ အခုဆိုရင် ဝန်ကြီးချုပ်အပါအဝင် ၄ ဦးရှိသွားပြီဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဦးညီပု၊ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးမွေးမြူရေး သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်တို့ကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့ စစ်တွေမြို့မ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတဲ့အကြောင်း စစ်ကောင်စီပိုင် မြဝတီသတင်းဌာနမှာ ကြေညာသွားတာပါ။

ဒါ့အပြင် စစ်တပ် အာဏာမသိမ်းခင်ကတည်းက ရာထူးကနေ ဖယ်ခံလိုက်ရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း အလားတူပုဒ်မနဲ့ပဲ တရားစွဲထားပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညမှာ စစ်တပ်နဲ့ ရဲက နေအိမ်ကနေ ဖမ်းဆီးသွားပြီး ပုဒ်မ- ၅၀၅ (ခ) နဲ့ တရားစွဲထားတာပါ။ အခုတရားစွဲလိုက်တဲ့ထဲက ကျန်တဲ့တာဝန်ရှိသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဘယ်လိုစွပ်စွဲချက်တွေနဲ့ အခုလို အဂတိလိုက်စားမှုနဲ့ တရားစွဲတာလည်း ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ သူတို့ အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးက တာဝန်ရှိသူ အတော်များများကို အစောပိုင်းမှာ ပုဒ်မ ၅၀၅ (က) (ခ) စတာတွေနဲ့ တရားစွဲခဲ့သလို အခုနောက်ပိုင်းမှာတော့ အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ပါ ထပ်တိုး တရားစွဲလာနေတာပါ။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံအများအပြားကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


======

UNICODE








XS
SM
MD
LG