သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတဟောင်း အသေခံ ဗုံးခွဲသူ လက်ချက်ကြောင့် သေဆုံး

အာဖဂန်သမ္မတဟောင်း အသေခံ ဗုံးခွဲသူ လက်ချက်ကြောင့် သေဆုံး
အာဖဂန်သမ္မတဟောင်း အသေခံ ဗုံးခွဲသူ လက်ချက်ကြောင့် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတဟောင်းလည်းဖြစ်၊ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ဦးဆောင် လုပ်ကိုင်သူ ဖြစ်တဲ့ ငြိမ်းချမ်းရေး အဆင့်မြင့်ကောင်စီ အကြီးအကဲ မစ္စတာ ဘာဟာနူဒင် ရာဘာနီ (Burhanuddin Rabbani) ဟာ မနေ့ကပဲ အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ဗုံးခွဲမယ့်သူက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီးတော့ အင်္ဂါနေ့ ညပိုင်းမှာ မစ္စတာ ရာဘာနီရဲ့အိမ်ကို ဝင်လာပြီး သမ္မတဟောင်း ရာဘာနီကို နှုတ်ဆက်ရင်းနဲ့ သူ့ရဲ့ ခေါင်းပေါင်းထဲမှာ ဖွက်လာတဲ့ ဗုံးကို ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

ဗုံးခွဲတိုက်ခိုက်သူ ၂ ဦးဟာ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးမှုတွေကို လုပ်ချင်ဟန် ဆောင်ခဲ့တယ်လို့ နေတိုးခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၄ ဦးလည်း သေဆုံးသွားပြီး လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ရဲ့ အဓိက အကြံပေးတဦးဖြစ်တဲ့ မစူးမ် စတန်နက်ဇီ (Masoom Stanekzai) လည်း ဒဏ်ရာ ရသွားခဲ့ပါတယ်။

သမ္မတ ကာဇိုင်းဟာ နယူးယောက်မြို့က ကုလသမဂ္ဂရဲ့ ဘေးထွက် ဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တွေ့ဆုံခဲ့ပေမဲ့ သူ့နိုင်ငံက တိုက်ခိုက်မှုကြောင့် သူ့ရဲ့နိုင်ငံကို ပြန်သွားပါတယ်။ အစကတော့ သူက ဒီနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတာပါ။

မစ္စတာ ရာဘာနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အစည်းအဝေး မစခင်မှာ သမ္မတ ၂ ဦးက ရှုတ်ချ ပြောဆိုခဲ့ကြပါတယ်။ မစ္စတာ ရာဘာနီဟာ အာဖဂန်နစ္စတန်ရဲ့ ကောင်းကျိုးကို သိပ်လိုလားသူ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

အာဖဂန်တို့ရဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်တို့ရဲ့ ပါဝင် ဆောင်ရွက်မှုတွေကို ပိုပြီးတော့ အားဖြည့် လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောသွားပါတယ်။

သမ္မတဟောင်း ရာဘာနီဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးအတွက် သူ့ရဲ့အသက်ကို စတေးသွားတယ်လို့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်းက ပြောကြားသွားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG