သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်ထားတဲ့ လုံးချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ် ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ် လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

XS
SM
MD
LG