သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီးဟောင်း Sissi အီဂျစ်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို


အီဂျစ် ဗိုလ်ချုပ်ဟောင်း၊ Abdel-Fattah el-Sissi သမ္မတရာထူးအတွက် ကျန်းသစ္စာ ကျိန်ဆိုစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
အီဂျစ် ဗိုလ်ချုပ်ဟောင်း၊ Abdel-Fattah el-Sissi သမ္မတရာထူးအတွက် ကျန်းသစ္စာ ကျိန်ဆိုစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
အီဂျစ်နိုင်ငံ ရွေးကောက်ပွဲမှာ အငြင်းပွားစရာမရှိအောင်ကို မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး တပတ်ကျော်အကြာမှာပဲ စစ်ဦးစီးချုပ်ဟောင်း Abdel Fattah el-Sissi ဟာ အီဂျစ်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ Cairo မြို့တော်က အခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနား ကျင်းပသွားပါတယ်။ Islam ဝါဒီ သမ္မတ Mohamed Morsi ကို သူ့ရဲ့စစ်တပ်နဲ့ ဖြုတ်ချပြီးနောက် တနှစ်နီးပါးအကြာမှာ အခုလို Mr. Sissi အာဏာရလာတာပါ။

Mr. Morsi ရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့က ဒီရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး သူတို့အဖွဲ့ကို စစ်တပ်ကခန့်အပ်တဲ့ အစိုးရက အရေးယူနှိပ်ကွက်နေတာပါ။ မူဆလင်ညီအကိုတော်များအဖွဲ့ဟာ အီဂျစ်မှာ အနာဂတ်မရှိဘူးလို့ Mr. Sissi က ပြောပါတယ်။

နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေ နဲ့ နိုင်ငံရဲ့ ပျက်ဆီးနေတဲ့ စီးပွားရေးအခြေအနေအပါအဝင် အခက်အခဲတွေနဲ့ သမ္မတသစ် ရင်ဆိုင်ရမှာပါ။

ဒါ့အပြင် နိုင်ငံဟာ ဖြုတ်ချခံသမ္မတဟောင်း Hosni Mubarak လက်ထက်ကလို တဦးယောက်တည်းရဲ့ သြဇာနဲ့ အုပ်ချုပ်တဲ့ နိုင်ငံမျိုး ပြန်ဖြစ်သွားမှာကို Mr. Sissi ကို ဆန့်ကျင်သူတွေ စိုးရိမ်ကြကြောင်း ထုတ်ပြောလာကြပါတယ်။ Mr. Sissi ဟာ သမ္မတ Mubarak လက်အောက်မှာတုန်းက စစ်ထောက်လှမ်းရေး အကြီးအကဲ ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတော့ နောက်ထပ် သမ္မတ Mohamed Morsi က သူ့ကို စစ်ဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးရာထူးပေးအပ်ခဲ့တာပါ။ Mr. Sissi ဟာ အီဂျစ်နိုင်ငံမှာ စစ်တပ်ဖက်ကလာတဲ့ ပဉ္စမမြောက် သမ္မတ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG