သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Sharif ျပည္ပမွာ ေဆးကုခြင့္ရ


လာဟိုးၿမိဳ႕ တရား႐ံုးကို ေရာက္လာသည့္ ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Nawaz Sharif (ေအာက္တိုဘာ ၁၁၊ ၂၀၁၉)

(Zawgyi/Unicode)

မက်န္းမမာျဖစ္ေနတဲ့ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း Nawaz Sharif ျပည္ပမွာ သီတင္းေလးပတ္ၾကာ ေဆးသြားကုဖို႔ ပါကစၥတန္ တရား႐ံုးတခုက ခြင့္ျပဳလိုက္ပါတယ္။

အသက္ ၆၉ ႏွစ္အရြယ္ မစၥတာ Sharif ကို အက်င့္ပ်က္ျခစားမႈ၊ ေငြမည္းခဝါခ်မႈေတြနဲ႔ အဂတိလုိက္စားမႈတိုက္ဖ်က္ေရး တရား႐ံုးက ၂၀၁၈ ခုႏွစ္မွာ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ထားတာပါ။ ဒါေပမယ့္ ေရာဂါသစ္ေတြ ေပၚလာတာေၾကာင့္ သူ႔ရဲ႕က်န္းမာေရး ဆိုးလာတယ္လုိ႔ ဆရာဝန္ေတြကေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း Sharif ကို ECL လို႔ေခၚတဲ့ “ထြက္ခြာခြင့္ ထိန္းခ်ဳပ္စာရင္း” ကေန ထုတ္ေပးဖို႔ လာဟိုးၿမိဳ႕ ဗဟိုတရား႐ံုးက အစိုးရကို စေနေန႔မွာ ၫႊန္ၾကားခဲ့ပါတယ္။ ECL ဟာ ႏုိင္ငံတြင္းက ထြက္ခြာခြင့္မျပဳဘဲ ပိတ္ပင္ထားတဲ့ လူေတြ ဒါမွမဟုတ္ ျပစ္ဒဏ္ခ်မွတ္ခံထားရသူ ေတြရဲ႕ စာရင္းျဖစ္ပါတယ္။

တရား႐ံုးဆံုးျဖတ္ခ်က္မွာ မစၥတာ Sharif ကို ျပည္ပမွာ ေဆးကုသမႈခံယူဖို႔ သီတင္းေလးပတ္ ခြင့္ျပဳထားၿပီး ဒီသက္တမ္းကို ဆရာဝန္ေထာက္ခံခ်က္နဲ႔ ထပ္တိုးႏုိင္မွာျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ေဟာင္း Sharif ကို က်န္းမာေရးအေၾကာင္းျပခ်က္အရ ၿပီးခဲ့တဲ့လမွာ အာမခံနဲ႔ ျပန္လႊတ္ေပးထားတာျဖစ္ေပမယ့္ သူ႔ေရာဂါဟာ သူပံုမွန္ျပေနက် လန္ဒန္မွာအေျခစိုက္တဲ့ ဆရာဝန္ေတြနဲ႔ တိုင္ပင္ညႇိႏိႈင္းဖို႔ လိုတယ္လုိ႔ သူ႔ေရွ႕ေနေတြက ေျပာထားတာပါ။ သူ႔ရဲ႕ ခရီးသြားလာေရး အစီအစဥ္ေတြကိုေတာ့ မသိရေသးပါဘူး။

----------------------------------------

(Unicode)

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Sharif ပြည်ပမှာ ဆေးကုခွင့်ရ

မကျန်းမမာဖြစ်နေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ပြည်ပမှာ သီတင်းလေးပတ်ကြာ ဆေးသွားကုဖို့ ပါကစ္စတန် တရားရုံးတခုက ခွင့်ပြုလိုက်ပါတယ်။

အသက် ၆၉ နှစ်အရွယ် မစ္စတာ Sharif ကို အကျင့်ပျက်ခြစားမှု၊ ငွေမည်းခဝါချမှုတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားရုံးက ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားတာပါ။ ဒါပေမယ့် ရောဂါသစ်တွေ ပေါ်လာတာကြောင့် သူ့ရဲ့ကျန်းမာရေး ဆိုးလာတယ်လို့ ဆရာဝန်တွေကပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Sharif ကို ECL လို့ခေါ်တဲ့ “ထွက်ခွာခွင့် ထိန်းချုပ်စာရင်း” ကနေ ထုတ်ပေးဖို့ လာဟိုးမြို့ ဗဟိုတရားရုံးက အစိုးရကို စနေနေ့မှာ ညွှန်ကြားခဲ့ပါတယ်။ ECL ဟာ နိုင်ငံတွင်းက ထွက်ခွာခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ လူတွေ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရသူ တွေရဲ့ စာရင်းဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်မှာ မစ္စတာ Sharif ကို ပြည်ပမှာ ဆေးကုသမှုခံယူဖို့ သီတင်းလေးပတ် ခွင့်ပြုထားပြီး ဒီသက်တမ်းကို ဆရာဝန်ထောက်ခံချက်နဲ့ ထပ်တိုးနိုင်မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Sharif ကို ကျန်းမာရေးအကြောင်းပြချက်အရ ပြီးခဲ့တဲ့လမှာ အာမခံနဲ့ ပြန်လွှတ်ပေးထားတာဖြစ်ပေမယ့် သူ့ရောဂါဟာ သူပုံမှန်ပြနေကျ လန်ဒန်မှာအခြေစိုက်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်လို့ သူ့ရှေ့နေတွေက ပြောထားတာပါ။ သူ့ရဲ့ ခရီးသွားလာရေး အစီအစဉ်တွေကိုတော့ မသိရသေးပါဘူး။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG