သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုု ပ်ဟောင်း Olmert အဂတိလိုက်စားမှုကြောင့် ထောင်ကျ


အစ္စရေးဝန်ကြီးချုပ်ဟောင်း Ehud Olmert (အလယ်)
အစ္စရေးဝန်ကြီးချုပ်ဟောင်း Ehud Olmert (အလယ်)

အစ္စရေးဝန်ကြီးချုပ်ဟောင်း Ehud Olmert အနေနဲ့ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးထမ်းဆောင်စဉ်ကာလ လွန်ခဲ့တဲ့ (၁၀) နှစ်က အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တဦးဆီက ဒေါ်လာထောင်ပေါင်းများစွာထည့်ထားတဲ့စာအိတ်တွေကိုလက်ခံခဲ့တာကြောင့် တနင်္လာနေ့က ထောင်ဒဏ် (၈) လ စီရင်ခြင်းခံခဲ့ရပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Tony Blair နဲ့ အစ္စရေးထောက်လှမ်းရေးအကြီးအကဲဟောင်း Meir Dagan အပါအဝင် ပုဂ္ဂိုလ်တွေက အသက် (၆၉)နှစ်အရွယ် Olmertရဲ့ အကျင့်စာရိတ္တကောင်းကြောင်းထောက်ခံချက်တွေကို လက်မှတ်ရေးထိုးပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးတဦးအနေနဲ့ ဒေါ်လာငွေတွေကို လက်ခံပြီး လုံခြုံတဲ့နေရာမှာ သိမ်းဆည်းထားတဲ့အပြင် သူရဲ့ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲမှုဟာ ရာဇဝတ်မှုကျူးလွန်ရာ ရောက်တဲ့အပြင် အစိုးရအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ဂျေရုစလင်ရှိ ခုံရုံးတရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

နယူးရောက်စီးပွားရေးလုပ်ငန်းရှင် Morris Talanskyက Olmert အနေနဲ့ဂျေရုစလင်မြို့တော်ဝန်နဲ့ဝန်ကြီးဘဝက သူ့ထံက ဒေါ်လာခြောက်သိန်းကျော်လက်ခံခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

Olmert ဟာ အစ္စရေးဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG