သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မီကာတာ မြောက်ကိုရီးယားသွားမည်


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ
သမ္မတဟောင်း ဂျင်မီကာတာ (Jimmy Carter) ဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုယ်ရေးကိုယ်တာ ခရီးသွားရောက်မှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားမှာ အထိန်းသိမ်းခံနေရတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် နိုင်ငံသားတဦး လွတ်မြောက်ရေးအတွက် သမ္မတဟောင်း ဂျင်မီကာတာက မြောက်ကိုရီးယားနိုင်ငံကို သွားဖို့ရှိတယ်ဆိုတဲ့ သတင်းနဲ့လည်း အိမ်ဖြူတော်ရဲ့အပြောက တိုက်ဆိုင်နေပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရသူ ဂျော့ရှ် အန်းနတ်စ် (Josh Earnest) က ဂျင်မီကာတာဟာ သူ့အစီအစဉ်နဲ့သူ ကိုယ်ရေးကိုယ်တာခရီး သက်သက် သွားရောက်မှာ ဖြစ်တယ်လို့ ဒီနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်ပေမဲ့ တခြားမေးခွန်းတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကိုပဲ ရည်ညွှန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သမ္မတဟောင်း ဂျင်မီကာတာဟာ ပြုံယမ်းမြို့ကို သွားရောက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောထားပါတယ်။

လောလောဆယ် ဂျင်မီကာတာဟာ ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့မှာ ရောက်ရှိနေပြီး (River Blindness Disease) ခေါ် မျက်စေ့ကွယ်ရောဂါ တိုက်ဖျက်ရေး အောင်မြင်တဲ့ အထိမ်းအမှတ်ပွဲမှာ ပါဝင်ဆင်နွှဲနေတယ်လို့ ကာတာဖောင်ဒေးရှင်း ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

သမ္မတ ကာတာအနေနဲ့ မြောက်ကိုရီးယားကို ချက်ချင်းသွားဖို့ အစီအစဉ် မရှိသေးပါဘူးလို့လည်း ပြောပါတယ်။

တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီကတော့ မစ္စတာ ကာတာ ဟာ အထိန်းသိမ်းခံ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား ကန်းနတ် ဘေး (Kenneth Bae) ကို လွှတ်ပေးရေး တိုက်တွန်းဖို့အတွက် ပြုံယမ်းမြို့ကို သွားဖို့ ရှိတယ်လို့ တနင်္လာနေ့က ဖော်ပြထားပါတယ်။
XS
SM
MD
LG