သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဆာရောဂါ မရှိတော့ကြောင်း သမ္မတဟောင်းကာတာ ကြေညာ


အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက သူ့မှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ရောဂါလက္ခဏာ ဘာတခုမှ မတွေ့ရဘူးလို့ပြော။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက သူ့မှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ရောဂါလက္ခဏာ ဘာတခုမှ မတွေ့ရဘူးလို့ပြော။

ကင်ဆာရောဂါဝေဒနာ နဲ့ ခံစားနေရတယ်လို့ ကြေညာပြီး ၄ လအကြာမှာတော့ - အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက သူ့မှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ရောဂါလက္ခဏာ ဘာတခုမှ မတွေ့ရဘူးလို့ Georgia ပြည်နယ် Plains မြို့က သူသွားတဲ့ ဘုရားကျောင်းက သူတွေကို ပြောလိုက်ပါတယ်။


အခုတပတ်အတွင်း ဆေးစစ်ခဲ့တာမှာ - အခုနှစ်အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့တဲ့ Melanoma ရောဂါအရိပ်လက္ခဏာကို မပြသဘူးလို့ သမ္မတဟောင်း ဂျင်မီကာတာက ဘုရားကျောင်းလာတက်တဲ့သူရာပေါင်းများစွာကို ပြောကြားခဲ့ကြောင်း၊ အဲဒီဘုရားကျောင်းရဲ့အဖွဲ့ဝင်တဦးလည်းဖြစ် မစ္စတာကာတာရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးလည်းဖြစ်တဲ့ Jill Stuckey က ဗွီအိုအေကို ပြောပါတယ်။


Mr. Carter အဲဒီလို ပြောပြီးတဲ့အချိန်မှာ အားလုံးက မယုံနိုင်လောက်အောင် အံ့အားသင့်ကုန်ကြပြီး အားလုံးက ဝမ်းသာအားရလက်ခုပ်တီးခဲ့ကြတယ်လို့ Stuckey က ပြောပါတယ်။ မစ္စတာ ကာတာရဲ့ မျက်နှာမှာ ပြုံးရွှင်ရယ်မောနေတာကို တွေ့ရပြီး၊ ဒါဟာ အရမ်းကို ဝမ်းသာစရာကောင်းတယ်အချိန်ဖြစ်ပြီး၊ အကောင်းဆုံးခရစ္စမတ်လက်ဆောင်ကို ကျနော်တို့ ရလိုက်တာပဲဖြစ်တယ်လို့ သူကပြောပါတယ်။

သူ့ရဲ့ အသည်းကအနာကိုခွဲထုတ်လိုက်ပြီးတဲ့နောက် ၊ ဆရာဝန်တွေဟာ သူ့ရဲ့ ဦးနှောက်မှာပဲ ကင်ဆာဆဲလ် အသေးစား ၄ ခုတွေ့ခဲ့တယ်လို့ မစ္စတာကာတာက - ပြီးခဲ့တဲ့ သြဂုတ်လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မစ္စတာကာတာဟာ ဓါတ်ကင်တာတွေလုပ်ခဲ့သလို၊ ကင်ဆာဝေဒနာကို တွန်းလှန်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းစေမယ့် ဆေးဝါးတွေကို မှီဝဲခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG