သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျွန်မက်ကိန်း အောက်မေ့ဖွယ်အခမ်းအနား သမ္မတဟောင်းများ တက်ရောက်မည်


အမေရိကန်ကွန်ဂရက်စ် Capitol Rotunda မှာ နိုင်ငံတော်အလံလွှမ်းခြုံဂုဏ်ပြုထားတဲ့ ကွယ်လွန်သူ စစ်ပြန်သူရဲကောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။
အမေရိကန်ကွန်ဂရက်စ် Capitol Rotunda မှာ နိုင်ငံတော်အလံလွှမ်းခြုံဂုဏ်ပြုထားတဲ့ ကွယ်လွန်သူ စစ်ပြန်သူရဲကောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။

ကွယ်လွန်သွားပြီဖြစ်တဲ့ အရီဇိုးနားပြည်နယ်ကအထက်လွှတ်တော်အမတ်လည်းဖြစ်၊ စစ်ပြန် သူရဲကောင်းလည်းဖြစ်တဲ့John McCain ကို ဂုဏ်ပြုကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန်သမ္မတ ဟောင်းတွေ ဖြစ်ကြတဲ့ Barack Obama နဲ့ George W. Bush တို့ ဒီကနေ့ တက်ရောက်ကြမှာပါ။

ဒီကနေ့မနက်ပိုင်းမှာ ဝါရှင်တန်ဒီစီမြို့တော်က National Cathedral ဘုရားကျောင်းကို Mr. McCain ရဲ့ ရုပ်အလောင်းသယ်ဆောင်သွားရာမှာ ဗီယက်နမ် စစ်ပြန်စစ်မှုထမ်းဟောင်းတွေရဲ့ အထိမ်းအမှတ် ဗိမာန်မှာ ခဏရပ်နားမှာဖြစ်ပြီး ဇနီးဖြစ်သူ Cindy McCain က ဗီယက်နမ်စစ်ပွဲအတွင်း ကျဆုံးသွား တဲ့ စစ်သည်တွေ အတွက် အမှတ်တရ ပန်းခွေချမှာပါ။

ဒုသမ္မတ Mike Pence (ဝဲ) နဲ့ ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဇနီး Cindy McCain အောက်မေ့ဖွယ်အခမ်းအနားမှာတွေ့ရစဉ်။
ဒုသမ္မတ Mike Pence (ဝဲ) နဲ့ ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဇနီး Cindy McCain အောက်မေ့ဖွယ်အခမ်းအနားမှာတွေ့ရစဉ်။

အသက် ၈၂ နှစ် မပြည့်မီ ရက်ပိုင်းအလို သြဂုတ်လ ၂၅ ရက်နေ့မှာ ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန် သွားတဲ့ Mr. McCain ရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို သမ္မတဟောင်းတွေ၊ ကွန်ဂရက်စ် လွှတ်တော်အမတ်တွေ၊ ဗီယက်နမ်စစ်ပွဲကာလက တာဝန်ယူခဲ့ဖူးသူတွေနဲ့အတူ ဒီမိုကရက်သမ္မတ Obama နဲ့ ရီပတ်ဘလစ်ကန်သမ္မတ Bush တို့ တက်ရောက်ကြမှာပါ။

မနေ့တုန်းတော့ အထက်လွှတ်တော်အမတ် John McCain ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်း ထည့် ထားပြီး အမေရိကန် အလံလွှမ်းခြုံထားတဲ့ အခေါင်းကို ဝါရှင်တန်မြို့တော်က အမေရိကန် ကွန်ဂရက် လွှတ်တော် ခန်းမကြီးအတွင်းမှာ ဆင်ယင်ထားပြီး အမှတ်တရ ဂုဏ်ပြုအခမ်းအနား ကျင်းပရာမှာ ဒုတိယသမ္မတ Mike Pence တက်ရောက်ပြီးတော့ ဂုဏ်ပြုစကား ပြောကြားပါတယ်။

သက်တမ်းရှည် လွှတ်တော်အမတ်တဦးဖြစ်သူ မက်ကိန်းဟာ “သူကိုယ်တိုင်ထက် ပိုပြီး ကြီးကျယ်တဲ့ အကြောင်းရပ်အတွက် တာဝန်ထမ်းဆောင်ခဲ့သူ” စစ်သူရဲကောင်းဖြစ်တယ်လို့ ဒုသမ္မတ Pence က ပြောပါတယ်။ အဲဒီခန်းမကြီးထဲမှာကျင်းပတဲ့ အခမ်းအနားကို လွှတ်တော်အမတ် ရာပေါင်းများစွာ တက်ရောက်ပါတယ်။ ကွယ်လွန်သူ အမေရိကန်နိုင်ငံသားတယောက်ကို အဲဒီ လွှတ်တော်ခန်းမကြီး ထဲမှာ ထားပြီး ဂုဏ်ပြုတာဟာ မစ္စတာမက်ကိန်းဟာ ၃၁ ယောက်မြောက်ဖြစ်ပါတယ်။

ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာသူ အသက် ၁၀၆ နှစ်ရှိပြီဖြစ်တဲ့ မိခင်။
ကွယ်လွန်သူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာသူ အသက် ၁၀၆ နှစ်ရှိပြီဖြစ်တဲ့ မိခင်။

အဲဒီ ဂုဏ်ပြုအခမ်းအနားပြီးတဲ့နောက်ပိုင်းမှတော့ Mr. McCain ကို အများပြည်သူအနေနဲ့ နောက်ဆုံး အကြိမ် ဂုဏ်ပြုနိုင်ဖို့အတွက် ဖွင့်ပေးခဲ့ပါတယ်။

XS
SM
MD
LG