သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုနဲ့ ထောင် ၁၀ နှစ်ကျ


ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Nawaz Sharif

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပြီး ပြည်ပနိုင်ငံတွေမှာ သူနဲ့ သူ့သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သေချာ ကျနစွာ ဖြေရှင်းချက် မပေးနိုင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းခွဲပါ တွဲဘက် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းရဲ့ နိုင်ငံရေးအရိုက်အရာကို ဆက်ခံတဲ့ သမီးဖြစ်သူ Maryam Nawaz ကိုလည်း ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် မိသားစုအတွင်း သူမရဲ့ ပိုင်ဆိုင်မှုတွေအတွက် ဒဏ်ငွေ ဒေါ်လာ ၂ သန်းခွဲ ချမှတ်လိုက်ပါတယ်။

Nawaz Sharif ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပါကစ္စတန် အစိုးရက သိမ်းဆည်းဖို့အတွက် တရားရုံးက ညွန်ကြားချက် ထုတ်ပြန်ထားကြောင်း အစိုးရရှေ့နေ Sardar Muzaffar Abbasi က သတင်းထောက်တွေကို ပြောပါတယ်။ ဒီအမှုထဲမှာ ပါနေတဲ့ ပိုင်ဆိုင်မှုတွေကတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လူချမ်းသာရပ်ကွက်မှာ ရှိတာလို့ ဆိုပါတယ်။

မစ္စတာ Sharif ဟာ ကင်ဆာအတွက် ဆေးကုသမှုခံယူနေတဲ့ ဇနီးဖြစ်သူကို ကြည့်ရှုဖို့ သမီးဖြစ်သူနဲ့အတူ လက်ရှိမှာ လန်ဒန်မြို့ကို ရောက်နေပါတယ်။ လက်ရှိ ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်ပါတီ PML-N ကို ဦးဆောင်နေတဲ့ မစ္စတာ Sharif ရဲ့ညီ Shehbaz ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ချက်ခြင်း ရှုတ်ချလိုက်ပြီး ဒါဟာ ပါကစ္စတန်နိုင်ငံရေး သမိုင်းမှာ ကံဆိုး မိုးမောင်ကျတဲ့နေ့ဖြစ် ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG